Saturday, January 31, 2026

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...
HomeNewsLocal Newsငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။

ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ ခရီးသည်ပြန်လည်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

သို့သော် ခရီးသွားဧည့်သည်လာရောက်မှုရှိသော်လည်း တနိုင်တပိုင်ရောင်းချသည့်ဈေးသည်များမှာ အရောင်းအဝယ်အေးကြောင်း သိရသည်။

” ဧည့်သည်ကတောက်လျှောက်လာတယ်။ ဒါပေမယ့်အရင်လိုမရောင်းရတော့ဘူးပေါ့။ ဟိုးအရင်ကဆိုရင် ပင်လယ်စာအကင်တွေကရောင်းရတယ်။ ဧည့်သည်တော်တော်တော်များများကလည်း ဝယ်စားကြတယ်။ အခုကျတော့သိပ်မစားကြတော့ဘူး။ အရောင်းအဝယ်ကတော့ပါးလာတာပေါ့။ စား‌ဖို့သောက်ဖို့တော့ကာမိပါတယ်” ဟု ကမ်းခြေတွင် ဈေးရောင်းချသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထို့ပြင် လာမည့်အစိုးရရုံးပိတ်ရက်ရှည်ကာလအတွက် ကမ်းခြေရှိ ဟိုတယ်များ ကြိုတင်ဘိုကင်ဖြင့် ပြည့်နေပြီဖြစ်ကြောင်းလည်း သိရသည်။

ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားခြင်း၊ သဲသောင်ပြင်သန့်ရှင်းခြင်း၊ ပင်လယ်ရေကြည်လင်ခြင်းတို့ကြောင့် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားရာ ဒေသတစ်ခုဖြစ်သည်။

ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူ၊ မိုးမခဆင်စခန်းနှင့် Ngwe Square စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြသူများလည်းရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအားညှိနှိုင်းမှာကြားခဲ့သည်။ ရန်ကုန်လေဆိပ်၌ ပြည်ပမှဝင်ရောက်လာသည့် ခရီး သည်များအား သတ်မှတ်ထားသောလုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးစစ်ဆေးလျက်ရှိရာ ယခုအခါ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် ဖြစ်ပေါ်လျက်ရှိသော နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သတ်၍ အိန္ဒိယမှဝင်ရောက်လာသော ခရီးသည်များအား အဖျားရောဂါလက္ခဏာအပါအဝင် နီပါးရ်ဗိုင်းရပ်ရောဂါသံသယရောဂါလက္ခဏာများစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းစဉ်အ နေဖြင့် နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သတ်၍ ခရီးသွားပြည်သူများအားအသိပေးချက် လက်ကမ်းစာစောင်များဝေငှခြင်း၊ ပိုစတာများပြသထားခြင်းတို့ကိုလည်းဆောင်ရွက်လျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင်လည်း လေဆိပ်ရှိအခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ တွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံသံအမတ်ကြီးများတွေ့ ဆုံ

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General H.E. Mr. Nurlan Yermekbayev နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် SCO အဖွဲ့အစည်းကြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးရန် ဆွေးနွေးခဲ့သည်။ ထို့ပြင် မြန်မာသံအမတ်ကြီးသည် ဇန်နဝါရီ ၂၆ ရက်က တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Jaime A. FlorCruz၊ ဇန်နဝါရီ ၂၉ ရက်က တရုတ်နိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး H.E....

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071