Friday, January 9, 2026

အမေရိကန်သူ ဆုရကဗျာဆရာမ တစ်ဦး ICE...

အသက် ၆ နှစ်အရွယ် သားငယ်တစ်ဦး၏ မိခင်ဖြစ်သူ Renee Nicole Good (အသက် ၃၇ နှစ်) သည် ယနေ့အစောပိုင်းက...

၂၀၂၆ တရုတ်နှစ်သစ်ကူး ညချမ်း ပဒေသာဖျော်ဖြေပွဲ...

တရုတ်နှစ်သစ်ကူးညချမ်း ပဒေသာ ဖျော်ဖြေပွဲအတွက် ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက်ဗီဒီယိုကို China Media Group မှ ထုတ်ပြန်ခဲ့ပြီး မကြာခင်ရောက်ရှိလာမည့် တရုတ်နှစ်ကူးပွဲတော်အတွက် ကန့်လန့်ကာ...

သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ...

သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပြီး အစိုးရအနေဖြင့် လိုအပ်သည့် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲခြင်းနှင့် အာမခံပရီမီယံကြေး သတ်မှတ်ပေးနိုင်‌ရေးကိုလည်း...

ကျိုက်ထီးရိုး စေတီတော်ကို ဇန်နဝါရီ ပထမအပတ်အတွင်း...

ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးသို့ ယခုနှစ် ဇန်နဝါရီလ ပထမအပတ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် (၆၉,၀၀၀) ကျော် လာရောက်ဖူးမြော်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာမှ သိရသည်။ နှစ်ဦးဖြစ်သည်နှင့်အညီ ကျိုက်ထီးရိုးစေတီတော်မြတ်သို့...
HomeInternationalထိုင်းနှစ်သစ်ကူးကာလ၌ ယာဉ်မတော်တဆမှုကြောင့်‌ေ-သဆုံးသူ၂၀၀ ကျော်

ထိုင်းနှစ်သစ်ကူးကာလ၌ ယာဉ်မတော်တဆမှုကြောင့်‌ေ-သဆုံးသူ၂၀၀ ကျော်

ထိုင်းနိုင်ငံတွင် နှစ်သစ်ကူးခရီးသွားရာသီ၏ ပထမငါးရက်အတွင်း ယာဉ်မတော်တဆမှု ၁,၁၈၅ ခု ဖြစ်ပွားခဲ့ပြီး လူ ၂၀၇ ဦး ‌ေ-သဆုံးကာ ၁,၁၄၁ ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၃ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီး ပတ်ထနာ ပရွမ်ဖတ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဖူးခက်ပြည်နယ်သည် ယာဉ်မတော်တဆမှုပေါင်း ၄၇ ခုဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ဒ-ဏ်ရာရရှိသူတွင်လည်း ၅၁ ဦးဖြင့် အများဆုံးဖြစ်ခဲ့သည်။ ဘန်ကောက်သည်မူ ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံးသူအရေအတွက် အများဆုံးဖြစ်ခဲ့ပြီး ၁၈ ဦး ရှိခဲ့သည်။ နိုင်ငံတွင် ပြည်နယ်ပေါင်း ၇၆ ခုရှိသည့်အနက် ပြည်နယ် ၉ ခုတွင်သာ ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုမျိုး မကြုံခဲ့ရပေ။

ယာဉ်မတော်တဆမှုဖြစ်ရခြင်း၏ အများဆုံးအကြောင်းရင်းသည် အမြန်နှုန်းလွန်ကဲစွာမောင်းနှင်မှုကြောင့်ဖြစ်ပြီး အားလုံး၏ ၃၃ ရာခိုင်နှုန်းရှိခဲ့ကာ ယာဉ်ကျော်တက်လုမောင်းမှုကြောင့်ဖြစ်ပွါးမှုသည် ၂၂ ရာခိုင်နှုန်းဖြစ်ခဲ့သည်။ ယာဉ်မတော်တဆမှုများတွင် မော်တော်ဆိုင်ကယ်သမားများပါဝင်ပတ်သက်ခဲ့သော မတော်တဆမှုသည် ၇၃ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

နှစ်သစ်ကူး ခရီးသွားသူများသည် တနင်္ဂနွေနေ့တွင် ဘန်ကောက်နှင့် အခြားစီးပွားရေးပြည်နယ်များသို့ စတင်ကာ ပြန်လာနေကြောင်း မစ္စတာ ပတ်ထနာက ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၃ ရက် နေ့အထိ မူးယစ်သောက်စားမောင်းနှင်မှုကြောင့် လူပေါင်း ၂,၉၅၇ ဦး၊ မူးယစ်ဆေးဝါးသုံးစွဲပြီးမောင်းနှင်မှုကြောင့် ၁၆၀ ဦး၊ ပေါ့ဆစွာမောင်းနှင်မှုကြောင့် လေးဦးနှင့် အရှိန်မြှင့်မောင်းနှင်မှုကြောင့် နှစ်ဦးတို့ကိုခြေချုပ်ချခဲ့ကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖိယာ ရက်ဆာကူလ်က ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်သူ ဆုရကဗျာဆရာမ တစ်ဦး ICE အေးဂျင့် ပ-စ်ခတ်မှုကြောင့် ကွယ်လွန်ရှာ

အသက် ၆ နှစ်အရွယ် သားငယ်တစ်ဦး၏ မိခင်ဖြစ်သူ Renee Nicole Good (အသက် ၃၇ နှစ်) သည် ယနေ့အစောပိုင်းက Minneapolis မြို့ရှိ သူမ၏နေအိမ်နှင့် လမ်းအနည်းငယ်သာဝေးသောနေရာတွင် ICE (လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အရာရှိ) တစ်ဦး၏ ပ-စ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။ " ယနေ့နံနက်ပိုင်းက Minneapolis တောင်ပိုင်းတွင် ဒေသခံများနှင့် ဖက်ဒရယ်အရာရှိများကြား ထိပ်တိုက်တွေ့ဆုံမှုအတွင်း အမျိုးသမီးတစ်ဦးကို ‌ေ-သနတ်ဖြင့် ပ-စ်ခတ်ခဲ့သည်။ အခင်းဖြစ်ပွားမှုကို မြင်တွေ့ခဲ့သည့် ဒေသခံအချို့၏ ပြောကြားချက်အရ အေးဂျင့်များသည် ထိုအမျိုးသမီးအား...

၂၀၂၆ တရုတ်နှစ်သစ်ကူး ညချမ်း ပဒေသာဖျော်ဖြေပွဲ ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက် ဗီဒီယို ထုတ်ပြန်

တရုတ်နှစ်သစ်ကူးညချမ်း ပဒေသာ ဖျော်ဖြေပွဲအတွက် ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက်ဗီဒီယိုကို China Media Group မှ ထုတ်ပြန်ခဲ့ပြီး မကြာခင်ရောက်ရှိလာမည့် တရုတ်နှစ်ကူးပွဲတော်အတွက် ကန့်လန့်ကာ ဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နှစ်သစ်ကူးပွဲတော်ကို နွေဦးပွဲတော်လို့ ခေါ်ဆိုကြပြီး တစ်နှစ်တာအတွင်း အကြီးကျယ် အခမ်းနားဆုံး ရိုးရာပွဲတော်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) က လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်းသတ်မှတ်ထားခဲ့ကြောင်းလည်း သိရသည်။ တေးဂီတအကများ၊ ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်ပြီး သိပ္ပံနည်းပညာများနှင့် အားဖြည့်ဆောင်ရွက်ပြီး ရိုးရာဓလေ့များကို...

သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပြီး အစိုးရအနေဖြင့် မူဝါဒရေးဆွဲခြင်းနှင့် အာမခံပရီမီယံကြေး သတ်မှတ်ပေးနိုင်‌ရေး ဆောင်ရွက်မည်ဖြစ်

သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပြီး အစိုးရအနေဖြင့် လိုအပ်သည့် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲခြင်းနှင့် အာမခံပရီမီယံကြေး သတ်မှတ်ပေးနိုင်‌ရေးကိုလည်း စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၅၁) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကို ရာသီဥတုဒ-ဏ်ကြောင့် သီးနှံအထွက်နှုန်း ထိခိုက်မှုကြောင့် တောင်သူအပေါ် ထိခိုက်မှုလျှော့ချရန် သီးနှံအာမခံစနစ် ပေါ်ပေါက်စေရေးခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071