Wednesday, January 7, 2026

ရေနံစည်ပေါင်း၅၀သန်းအထိရမည့် အစီအစဉ်ကို ထရမ့်ပ်က ကြွားဝါ

ဇန်နဝါရီလ ၇ ဗင်နီဇွဲလားနိုင်ငံရှိ ပိ-တ်ဆို့အရေးယူခံထားရသော ရေနံစည်ပေါင်း ၃၀ သန်းမှ ၅၀ သန်းအကြားကို အမေရိကသို့ လွှဲပြောင်းပေးအပ်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့ပါသည်။ "ဒီရေနံတွေကို...

တရုတ် ရှင်ကျန်းတွင် ပြင်းအား ၅.၂...

ပေကျင်း၊ ဇန်နဝါရီ ၇ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်း အူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကာရှ်ဂါး ဒေသရှိ တာဂျစ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် တက်ရှ်ကော်ဂန်တွင် ပြင်းအား ၅.၂...

PEP နို့ခဲနှင့်ပတ်သက်ပြီး PEP Myanmar...

FDA နှင့် ထပ်မံစစ်ဆေးမှုများလုပ်ဆောင်မည် လူမှုကွန်ရက်မီဒီယာတွင်  စားသုံးသူတစ်ဦးမှ တင်ခဲ့သော PEP နို့ခဲနှင့် ပတ်သက်သည့် Complaint တစ်ခုကို စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် စားသုံးသူမှတင်ထားသည့် ဗီဒီယို၊...

အီကွေတာအနီးဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလာနိုင်ဟု...

အီကွေတာအနီးဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ယနေ့ ဇန်နဝါရီ (၇) ရက်တွင် မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။ ယနေ့ နံနက် (၅)...
HomeInternationalလီ၏ တရုတ်နိုင်ငံခရီးစဉ် စတင်

လီ၏ တရုတ်နိုင်ငံခရီးစဉ် စတင်

ပြိုင်ဘက် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များ ပ-စ်ခတ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၄ ရက်နေ့တွင် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးကိုမြှင့်တင်ရန် မျှော်လင့်လျှက် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ခဲ့သည်။

ဇွန်လတွင် တာဝန်စတင်ထမ်းဆောင်ပြီးနောက်ပိုင်း မစ္စတာလီ၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်သည် ပြုံယမ်း၏ ရန်လိုသောအပြုအမူနှင့် အမေရိက,က ဗင်နီဇွဲလားကို တို-က်ခိုက်လိုက်ခြင်း၏ နောက်ဆက်တွဲအဖြစ် ကမ္ဘာလုံးဆိုင်ရာတင်းမာမှုများမြင့်တက်နေချိန်နှင့် တိုက်ဆိုင်နေသည်။

ဇန်နဝါရီလ ၄ ရက် နေ့တွင် မြောက်ကိုရီးယားက ဒုံးကျည်ပ-စ်လွှတ်ခြင်းသည် တရုတ်ကို တောင်ကိုရီးယားနှင့် ဆက်ဆံရေးပိုမိုနီးကပ်သွားခြင်းကို ဟန့်တားရန်နှင့် နျူကလီးယားဖျ-က်သိမ်းရေးဆိုင်ရာ တရုတ်၏ ရပ်တည်ချက်ကို တန်ပြန်ရန် သတင်းစကားပေးပို့သည့်သဘောဟု ဆိုးလ်ရှိ အရှေ့ဖျားလေ့လာရေးဌာန ပါမောက္ခ လင်မ်အယ်လ်ချူးလ်က ပြောကြားခဲ့သည်။

လီသည် တောင်ကိုရီးယားစီးပွားရေးခေါင်းဆောင် ၂၀၀ ကျော်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လေးရက်ကြာခရီးစဉ်အတွက် ပေကျင်းကို ရောက်ရှိလာခဲ့ပြီဟု တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

မစ္စတာလီ၏ ခရီးစဉ်အတွင်း တရုတ်နှင့် တောင်ကိုရီးယားတို့သည် ထောက်ပံ့ရေးကွင်းဆက် ရင်းနှီးမြှုပ်နှံမှု၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးကဲ့သို့သော ကိစ္စရပ်များကို ဆွေးနွေးသွားရန် မျှော်လင့်ထားကြောင်း စီစီတီဗီက ဆက်လက်ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေနံစည်ပေါင်း၅၀သန်းအထိရမည့် အစီအစဉ်ကို ထရမ့်ပ်က ကြွားဝါ

ဇန်နဝါရီလ ၇ ဗင်နီဇွဲလားနိုင်ငံရှိ ပိ-တ်ဆို့အရေးယူခံထားရသော ရေနံစည်ပေါင်း ၃၀ သန်းမှ ၅၀ သန်းအကြားကို အမေရိကသို့ လွှဲပြောင်းပေးအပ်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့ပါသည်။ "ဒီရေနံတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းမှာပါ။ အဲဒီငွေတွေကို အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအနေနဲ့ ကျွန်ုပ်က ထိန်းချုပ်သွားမှာပါ။ ဒါကို ဗင်နီဇွဲလားပြည်သူတွေနဲ့ အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အသုံးပြုသွားမှာပါ" ဟု ထရမ့်ပ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ ၎င်းသည် အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ ဗင်နီဇွဲလားတာဝန်ရှိသူများဘက်ကလည်း ချက်ချင်းတုံ့ပြန်ပြောဆိုခြင်း မရှိသေးကြောင်းသိရသည်။ ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းကို...

တရုတ် ရှင်ကျန်းတွင် ပြင်းအား ၅.၂ ရှိ ငလျင်လှုပ်၊ ထိခို-က်​ေ-သဆုံးမှုမရှိ

ပေကျင်း၊ ဇန်နဝါရီ ၇ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်း အူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကာရှ်ဂါး ဒေသရှိ တာဂျစ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် တက်ရှ်ကော်ဂန်တွင် ပြင်းအား ၅.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ယခုအချိန်အထိ ထိခို-က်​ေ-သဆုံးမှုသတင်း ထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။ တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာ (CENC) ၏ အဆိုအရ နံနက် ၃ နာရီ ၁၇ မိနစ်တွင် ခရိုင်ကို ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ငလျင်ဗဟိုချက်သည် မြောက်လတ္တီကျု ၃၇.၅၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၇၄.၉၃ ဒီဂရီတွင် စောင့်ကြည့်ခဲ့သည်။...

PEP နို့ခဲနှင့်ပတ်သက်ပြီး PEP Myanmar က စားသုံးသူ ပြည်သူများကို  တောင်းပန်

FDA နှင့် ထပ်မံစစ်ဆေးမှုများလုပ်ဆောင်မည် လူမှုကွန်ရက်မီဒီယာတွင်  စားသုံးသူတစ်ဦးမှ တင်ခဲ့သော PEP နို့ခဲနှင့် ပတ်သက်သည့် Complaint တစ်ခုကို စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် စားသုံးသူမှတင်ထားသည့် ဗီဒီယို၊ ဓာတ်ပုံအရ  နို့ခဲအတွင်း ပါလာသော ထိုပစ္စည်းသည် ထုပ်ပိုးမှုစက်ပစ္စည်းတွင်အသုံးပြုသည့် သန့်ရှင်းရေးကိရိယာမှ metal ချောင်းတစ်ခုဖြစ်သည်ဟု သံသယရှိကြောင်း PEP Myanmar က ယမန်နေ့က ထုတ်ပြန်ထားသည်။ စားသုံးသူအများပြည်သူများကို စိတ်ပူပန်စေခဲ့မှု၊ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့မှုအပေါ်  PEP ဝန်ထမ်းမိသားစုမှ အထူးဝမ်းနည်းစွာ တောင်းပန်ကြောင်းလည်း ဖော်ပြထားသည်။ ဤဖြစ်ရပ်အပေါ် တာဝန်ယူလက်ခံပြီး  စစ်ဆေးရေးလုပ်ငန်းစဥ်များကို ပိုမိုတိုးမြှင့်ကာ ပြင်ဆင်ချက်များ ချမှတ်ထား၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071