Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsLocal Newsအကြမ်းဖက်မှုတို-က်ဖျ-က်ရေး၊ မတရားအသင်းများအက်ဥပဒေတို့အရပြစ်မှုများအပါအဝင် ပြစ်မှု(၁၃)မျိုးမှအပ...

အကြမ်းဖက်မှုတို-က်ဖျ-က်ရေး၊ မတရားအသင်းများအက်ဥပဒေတို့အရပြစ်မှုများအပါအဝင် ပြစ်မှု(၁၃)မျိုးမှအပ ကျန်ပြစ်မှုများဖြင့် ပြစ်ဒ-ဏ်ကျခံနေရသူများကို ပြစ်ဒ-ဏ်၏ ခြောက်ပုံတစ်ပုံလွတ်ငြိမ်းသက်သာခွင့်ပြု

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မတိုင်မှီ အကြမ်းဖက်မှု တို-က်ဖျ-က်ရေး၊ မတရအသင်းများအက်ဥပဒေတို့အရပြစ်မှုများအပါအဝင် ပြစ်မှု(၁၃)မျိုးမှအပ ကျန်ပြစ်မှုများဖြင့် ပြစ်ဒ-ဏ်ကျခံနေရသူများကို နိုင်ငံတော် ယာယီသမ္မတမှ ၎င်းတို့ကျခံနေရသော ပြစ်ဒ-ဏ်၏ ခြောက်ပုံတစ်ပုံလွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်ဒ-ဏ်၏ ခြောက်ပုံတစ်ပုံလွတ်ငြိမ်းသက်သာခွင့်ပြုခြင်းကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီမှ အမိန့်အမှတ် ၁ /၂၀၂၆ ဖြင့် ယနေ့ ဇန်နဝါရီ ၄ ရက်က ပြစ်ဒ-ဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ယာယီသမ္မတမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့်လ(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားခြင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုခြင်းတို့ဖြင့် ပြစ်ဒ-ဏ်လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ် လျဉ်း၍ ပြစ်ဒ-ဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူများကို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြစ်ဒ-ဏ်လွတ်ငြိမ်းသက်သာခွင့်ပေးရာ၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မတိုင်မှီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါ-က်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်(အရေးပေါ် ပြစ်ဒ-ဏ်စီရင်မှု) (ယာယီ) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ ၂၀၂၃ ခုနှစ်၊ လက်နက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတို-က်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးဥပဒေအရပြစ်မှုများမပါဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071