Monday, January 5, 2026

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၆)...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတ ဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၆) ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းအစီအစဉ်၌ လာရောက်ပြသကုမည့်သူများအနေဖြင့်...

အမြန်လမ်းတွင် ရပ်ထားသောခရီးသည်တင်ကားကို ကုန်တင်ကားကဝင်တိုက် ကုန်တင်ကားမောင်းသူ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ရပ်ထားသောခရီးသည်တင်ကားကို ကုန်တင်ကားမှအရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိခဲ့မှု ယနေ့ ဇန်နဝါရီ ၅ ရက်နံနက် ၅ နာရီခွဲကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော ကုန်တင်ကသည် အုတ်ရှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင်...

မာဒူရိုနှင့်ဇနီးတို့ကို ချက်ချင်းပြန်လွှတ်ပေးရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို

အမေရိကန်က ဖမ်းဆီးထားသော ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို "မဆိုင်းမတွဘဲ ချက်ချင်းပြန်လွှတ်ပေးရန်" မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တနင်္ဂနွေနေ့တွင် တောင်းဆိုလိုက်သည်။ "ဗင်နီဇွဲလားနိုင်ငံရဲ့...

ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်း သည် တပ်မတော်သားအဆင့်ဆင့်၏ ကျရာတာဝန်ကို...

ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်း သည် တပ်မတော်သားအဆင့်ဆင့်၏ ကျရာတာဝန်ကို ကျေပွန်ခဲ့မှုကြောင့်ဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်က အစဉ်အသိအမှတ်ပြုဂုဏ်ယူနေမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါ ရီ...
HomeInternationalမာဒူရိုအပေါ် ထရမ့်၏ ခြိမ်းခြောက်မှုများအပြီးတွင်...

မာဒူရိုအပေါ် ထရမ့်၏ ခြိမ်းခြောက်မှုများအပြီးတွင် အမေရိကန်က ဗင်နီဇွဲလားအား တို-က်ခို-က်

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုအား သမ္မတ ဒေါ်နယ်ထရမ့်က လပေါင်းများစွာ ခြိမ်းခြောက်ခဲ့ပြီးနောက် မြို့တော် ကာရာကတ်စ်တွင် ပေ-ါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ အမေရိကန်က တို-က်ခို-က်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားသည်။

မီရန်ဒါ (Miranda)၊ အာရာဂွာ (Aragua) နှင့် လာဂွိုင်ရာ (La Guaira) ပြည်နယ်များတွင်လည်း တို-က်ခို-က်မှုများ ဖြစ်ပွားခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရက ပြောကြားခဲ့ပြီး၊ မာဒူရိုက နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာကာ ကာကွယ်ရေးတပ်ဖွဲ့များကို စုရုံးစေခဲ့သည်။

မျက်မြင်သက်သေများနှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ပုံရိပ်များအရ နံနက် ၂ နာရီခန့်မှစ၍ မိနစ် ၉၀ ကြာအောင် ကာရာကတ်စ်မြို့တစ်ဝှမ်းတွင် ပေါက်ကွဲသံများ၊ လေယာဉ်များနှင့် မီးခိုးမည်းများကို မြင်တွေ့ရသည်။

မြို့တစ်ဝှမ်းရှိ ဗင်နီဇွဲလားနိုင်ငံသားများသည် မီးခိုးလုံးကြီးများနှင့် ကောင်းကင်ယံရှိ တောက်ပသော လိမ္မော်ရောင် အလင်းတန်းများကို ဗီဒီယိုမှတ်တမ်းတင်ရင်း တုန်လှုပ်ချောက်ချားမှုကို ဖော်ပြခဲ့ကြသည်။

အဓိက စစ်အခြေစိုက်စခန်းတစ်ခုအနီးရှိ မြို့တောင်ဘက်ပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

၂၀၁၃ ခုနှစ်မှစတင်၍ သမ္မတမာဒူရို အုပ်ချုပ်ခဲ့သော တောင်အမေရိက ရေနံနိုင်ငံဖြစ်သည့် ဗင်နီဇွဲလားတွင် မြေပြင်စစ်ဆင်ရေးများ ပြုလုပ်မည်ဟု ထရမ့်က ထပ်ခါတလဲလဲ ပြောခဲ့ဖူးသည်။

ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် မာဒူရိုသည် အာဏာကို ဆက်လက်ဆုပ်ကိုင်ရန် မဲလိမ်ခဲ့သည်ဟု အမေရိကန်၊ ဗင်နီဇွဲလား အတို-က်အခံများနှင့် အခြားနိုင်ငံအများအပြားက ပြောဆိုထားကြသည်။

ထရမ့်သည် သူ၏ ရည်မှန်းချက်များကို လူသိရှင်ကြား အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း မာဒူရိုအား နိုင်ငံမှ ထွက်ခွာသွားရန် အထူးဖိအားပေးခဲ့သည်။ မာဒူရိုအနေဖြင့် အာဏာကို စွန့်လွှတ်ခြင်းသည် “လိမ္မာပါးနပ်သော” လုပ်ရပ်ဖြစ်လိမ့်မည်ဟုလည်း ထရမ့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဤတိုက်ခိုက်မှု၏ ရည်ရွယ်ချက်မှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် ဗင်နီဇွဲလား၏ ရေနံနှင့် တွင်းထွက်သယံဇာတများကို သိမ်းပိုက်ရန်ဖြစ်ကြောင်း ဗင်နီဇွဲလားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန်သည် ထိုသယံဇာတများကို ရယူနိုင်ရန် “အောင်မြင်လိမ့်မည်မဟုတ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်သည် ကာရစ်ဘီယံဒေသတွင် လေယာဉ်တင်သင်္ဘောတစ်စီး၊ စစ်သင်္ဘောများနှင့် အဆင့်မြင့် တို-က်လေယာဉ်များ အပါအဝင် အဓိက စစ်အင်အား ဖြည့်တင်းမှုများကို လုပ်ဆောင်ထားသည်။

ထရမ့်သည် ဗင်နီဇွဲလားရေနံကို “ပိတ်ဆို့ဖြတ်တောက်ရန်” ကြိုးပမ်းခဲ့ပြီး မာဒူရိုအစိုးရအပေါ် ဒ-ဏ်ခတ်ပိတ်ဆို့မှုများကို တိုးမြှင့်ခဲ့သည်။ ထို့ပြင် ပစိဖိတ်သမုဒ္ဒရာနှင့် ကာရစ်ဘီယံပင်လယ်တို့တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွင် ပါဝင်သည်ဟု အမေရိကန်က စွပ်စွဲထားသော သင်္ဘောများအပေါ် အကြိမ်ပေါင်း ၂၀ ကျော် တို-က်ခို-က်မှုများ ပြုလုပ်ခဲ့သည်။

မူးယစ်ဆေးဝါး တင်ဆောင်ထားသော လှေများကို တင်ဆောင်သည့် နေရာတစ်ခုအား အမေရိကန်က တို-က်ခို-က်ခဲ့ကြောင်း ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ထရမ့်က ပြောကြားခဲ့သည်။ ယင်းသည် ဖိအားပေးမှုများ စတင်ကတည်းက ဝါရှင်တန်မှ ဗင်နီဇွဲလားတွင် ကုန်းကြောင်းစစ်ဆင်ရေး ပြုလုပ်သည့် ပထမဆုံးသော လူသိရှင်ကြား ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။

အဆိုပါ တို-က်ခို-က်မှုများကို CIA က လုပ်ဆောင်ခဲ့ခြင်း ဟုတ်မဟုတ်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ အခြားသော သတင်းမီဒီယာအချို့ကမူ ထိုတို-က်ခို-က်မှုများ၏ နောက်ကွယ်တွင် ထောက်လှမ်းရေးအေဂျင်စီ (CIA) ရှိနေကြောင်း ဖော်ပြခဲ့ကြသည်။

ဗင်နီဇွဲလားသည် အမေရိကန်အတွင်းသို့ မူးယစ်ဆေးဝါးများ အလုံးအရင်းနှင့် သွင်းနေသည်ဟု ထရမ့်က စွပ်စွဲထားပြီး၊ သူ၏ အစိုးရအဖွဲ့သည် တောင်အမေရိကမှ ထွက်ခွာလာပြီး မူးယစ်ဆေးဝါး တင်ဆောင်လာသည်ဟု ယူဆရသော လှေများကို လပေါင်းများစွာ ဗုံးကြဲတို-က်ခို-က်နေခဲ့သည်။ နိုင်ငံအများအပြားက ထိုတို-က်ခို-က်မှုများကို တရားဥပဒေပြင်ပ သ-တ်ဖြတ်မှုများအဖြစ် ရှုတ်ချခဲ့ကြပြီး မာဒူရိုအစိုးရကလည်း မူးယစ်ဆေးဝါး မှောင်ခိုမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၆) ကြိမ်မြောက် မျက်စိဒါနကုသမှုအတွက် ဇန်နဝါရီ ၂၇ ရက်မှစတင်ကာ စာရင်းပေးသွင်းနိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတ ဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၆) ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းအစီအစဉ်၌ လာရောက်ပြသကုမည့်သူများအနေဖြင့် ဇန်နဝါရီ ၂၇ ရက်မှစတင်ကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ ထိုသို့ စာရင်းပေးသွင်းခြင်းကို နံနက် ၇ နာရီမှစတင်ကာ လက်ခံပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင် (၁,၅၀၀) ဦးကို လက်ခံကုသပေးသွားမည်ဖြစ်ပြီး သတ်မှတ်လူဦးရေပြည့်ပါက ကျန်ရှိသူများအား လာမည့် မတ်လတွင်ပြုလုပ်မည့် (၁၇) ကြိမ်မြောက် မျက်စိဒါနကုသမှုအစီအစဉ်တွင် ဦးစားပေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမြန်လမ်းတွင် ရပ်ထားသောခရီးသည်တင်ကားကို ကုန်တင်ကားကဝင်တိုက် ကုန်တင်ကားမောင်းသူ ပြင်းထန်ဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ရပ်ထားသောခရီးသည်တင်ကားကို ကုန်တင်ကားမှအရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိခဲ့မှု ယနေ့ ဇန်နဝါရီ ၅ ရက်နံနက် ၅ နာရီခွဲကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော ကုန်တင်ကသည် အုတ်ရှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင် မိုင်တိုင်အမှတ် ၇၀/၅နှင့် ၇၀/၆ ကြားတွင်ရပ်ထားသော ခရီးသည်ကားအား အရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်အား အုတ်ရှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များကကူညီမှုများပြုလုပ်ခဲ့ကြပြီး ထိခိုက်ဒ-ဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သည့် ကုန်တင်ကားမောင်းသူအား သုခဝေစည်လူမှုကူညီရေးအသင်းက မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ခရီးသည်တင်ကားပေါ်မှ ခရီးသည်များထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

မာဒူရိုနှင့်ဇနီးတို့ကို ချက်ချင်းပြန်လွှတ်ပေးရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို

အမေရိကန်က ဖမ်းဆီးထားသော ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို "မဆိုင်းမတွဘဲ ချက်ချင်းပြန်လွှတ်ပေးရန်" မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တနင်္ဂနွေနေ့တွင် တောင်းဆိုလိုက်သည်။ "ဗင်နီဇွဲလားနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျွန်တော် အလွန်စိုးရိမ်တကြီး စောင့်ကြည့်နေပါတယ်။ ဗင်နီဇွဲလားခေါင်းဆောင်နဲ့ သူ့ရဲ့ဇနီးကို အမေရိကန်စစ်တပ်က ပုံမှန်မဟုတ်တဲ့ နယ်ပယ်နဲ့ ပုံစံမျိုးနဲ့ စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်" ဟု အန်ဝါက X လူမှုကွန်ရက် (ယခင် Twitter) တွင် ပြောကြားခဲ့သည်။ ထိုသို့သော ပြုလုပ်မှုသည် "အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖေ-ာက်ခြင်းဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071