Wednesday, January 7, 2026

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရို-က်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား(၃၂)ဦးကိုလွှဲ ပြောင်းပေးအပ်

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၃၂)ဦးကို ယနေ့ ဇန်နဝါရီ ၆ ရက်က...

အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆု...

အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သော မြန်မာ့လက် ရွေးစင် ယူ-၁၆ ဖူဆယ် အသင်းအား ဆုပေးပွဲ အခမ်းအနား ကို...

တိုင်းနှင့် ပြည်နယ်(၈)ခုတွင် တိုင်းဒေသကြီးလွှတ်တော် (သို့)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေး...

တိုင်းနှင့် ပြည်နယ်(၈)ခုတွင် တိုင်းဒေသကြီးလွှတ်တော် (သို့)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေး ကောက်တင်မြှောက်ခံရသူများစာရင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီကအများဆုံးပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်(UEC)မှ ကြေညာချက်အမှတ်(၉ /၂၀၂၆)ဖြင့် ယ နေ့...

စီးပွား/ကူးသန်းဝန်ကြီးနှင့် တရုတ်သံအမတ်ကြီး H.E. Ms....

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သွားနိုင်ရေး၊ တရုတ်နိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရန် ခွင့်ပြုထားသည့် အမယ်များ ပိုမိုတိုးမြှင့်ရရှိနိုင်ရေး ဆွေးနွေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည်...
HomeNewsLocal Newsငလျင်ကြီးကြောင့်ပျ-က်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်၊...

ငလျင်ကြီးကြောင့်ပျ-က်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်၊ ပုညရှင်နှင့် မဟာမင်္ဂလာစေတီတော်ကြီးတို့ကိုအကြီးစားဘက်စုံပြုပြင်မွန်းမံနေ

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော်စေတီတော်မြတ်ကြီးနှင့် စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အဦးများ ပြုပြင်မွမ်းမံလျက်ရှိရာ ယခုလက်ရှိတွင် စေတီတော်တောင်ဘက်မုဒ်အာရုံခံတန်ဆောင်းအား ပြန်လည်ပြုပြင်နေပြီး စေတီတော်ကြီးရင်ပြင်တော်အား နေပူခံကျောက်ပြားများခင်းကျင်းနိုင်ရန်ပြုပြင်နေကြောင်းသိရသည်။

ယင်းကဲ့သို့ အကြီးစားဘက်စုံပြုပြင်မွန်းမံနေသော စူဠာမဏီကောင်းမှုတော်စေတီတော် မြတ်ကြီးသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်အဖွဲ့သည် ဇန်နဝါရီလ (၂) ရက် မွန်းလွဲပိုင်းက သွားရောက်ကာ တည်ဆောက်ရေးတာ ဝန်ခံများ၏ လုပ်ငန်းအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။  

ထို့ပြင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးကို ပြန်လည်မွမ်းမံတည်ထားနေသလို သာသနာ့ဗိမာန်တော်ကြီးကိုလည်း ပြန်လည်ပြင်ဆင်တည်ဆောက်လျက်ရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြုပြင်မွန်းမံတည်ဆောက်နေသည့် ဆွမ်းဦးပုညရှင်စေတီတော်၊ ပုရဝုဏ်နှင့် သာသနာ့ဗိမာန်တို့သို့သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျ-က်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မဟာမင်္ဂလာစေတီတော်ကြီး ပြန်လည်ပြုပြင်တည်ဆောက်နေမှုများကိုလည်း သွားရောက်ကြည့်ရှုခဲ့ကြပြီး ပြန်လည်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရို-က်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား(၃၂)ဦးကိုလွှဲ ပြောင်းပေးအပ်

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၃၂)ဦးကို ယနေ့ ဇန်နဝါရီ ၆ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံသား(၂၃)ဦး၊ ဇင်ဘာဘွေနိုင်ငံသား(၃) ဦး၊ ကင်မရွန်းနိုင်ငံသား(၃)ဦး၊ လိုင်ဘေးရီးယားနိုင်ငံသား(၂)ဦးနှင့် ဇန်ဘီယာနိုင်ငံသား(၁)ဦးတို့အား မြန်မာ -ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက် ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီလွှဲ ပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါ...

အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သော မြန်မာ့လက် ရွေးစင် ယူ-၁၆ ဖူဆယ် အသင်းအား ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သော မြန်မာ့လက် ရွေးစင် ယူ-၁၆ ဖူဆယ် အသင်းအား ဆုပေးပွဲ အခမ်းအနား ကို ယနေ့ ဇန်နဝါရီ (၆)ရက်ညနေပိုင်းက MFF Futsal Stadium တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ တတိယဆုရ မြန်မာလက်ရွေးစင် ယူ- ၁၆အသင်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ ကျပ်သိန်း (၁၀၀)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ကျပ်သိန်း (၂၀၀)၊...

တိုင်းနှင့် ပြည်နယ်(၈)ခုတွင် တိုင်းဒေသကြီးလွှတ်တော် (သို့)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေး ကောက်တင်မြှောက်ခံရသူများစာရင်း၌ USDP ပါတီကအများဆုံးပါဝင်

တိုင်းနှင့် ပြည်နယ်(၈)ခုတွင် တိုင်းဒေသကြီးလွှတ်တော် (သို့)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေး ကောက်တင်မြှောက်ခံရသူများစာရင်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီကအများဆုံးပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်(UEC)မှ ကြေညာချက်အမှတ်(၉ /၂၀၂၆)ဖြင့် ယ နေ့ ဇန်နဝါရီ ၆ ရက်ကထုတ်ပြန်ခဲ့သည်။ အဆိုပါ ရွေးကောက်တင်မြှောက်ခံရသူများ၏ အမည်စာရင်းအား ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများက တိုင်းဒေသကြီးလွှတ် တော်(သို့)ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ် မ ၄၉ (ခ) နှင့်အညီ ထုတ်ပြန်ကြေညာချက်များအရ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။  ကချင်ပြည်နယ်(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင် USDP ပါတီမှ (၆)ဦး၊ ကယားပြည်နယ်(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင် USDP ပါတီမှ (၂)ဦး၊ ကရင်ပြည် နယ်(မဲအများဆုံးရသူအနိုင်ယူစနစ်)တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071