Home News Local News ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သည့် ကုမ္ပဏီ ၂၉ ခုအား အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းမှ ပယ်ဖျ-က်ကြောင်း ဗဟိုဘဏ်ကြေညာ

ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သည့် ကုမ္ပဏီ ၂၉ ခုအား အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းမှ ပယ်ဖျ-က်ကြောင်း ဗဟိုဘဏ်ကြေညာ

0
154

ယင်းကုမ္ပဏီနှင့် ဒါရို-က်တာအဖွဲ့ဝင်တို့အပေါ် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျ-က်

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသဖြင့် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခံထားရသည့် ကုမ္ပဏီ (၁၉၇) ခု အနက် ကုမ္ပဏီ ၂၉ ခု သည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သဖြင့် အဆိုပါကုမ္ပဏီ ၂၉ ခုအား အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းမှ ပယ်ဖျ-က်ကြောင်း ဗဟိုဘဏ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ (၂၉) ခုအား လည်းကောင်း၊ ၂ဝ၂၁ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့်ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ (၅၅) ခုအား လည်းကောင်း၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ (၁၉၇) ခုအားလည်းကောင်း အမည်မည်းစာရင်း (Black Lists) ထည့်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညှိနှိုင်းချက်အရ ပြည်ထဲရေး ဝန်ကြီးဌာနနှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ အမည်မည်း စာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့် တားဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အမည်မည်းစာရင်းထည့်သွင်းခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့် တားဆီးခြင်းခံရသည့် ကုမ္ပဏီများအနက် ပူးတွဲပါ ကုမ္ပဏီ (၂၉) ခုသည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သဖြင့် ယင်းကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျ-က်ကြောင်း ကြေညာခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here