Thursday, January 1, 2026

နေအိမ်(၆၀)လုံးမီးလေ-ာင်ဆုံးရှုံးပြီး (၃၀၈)ဦးမီးဘေးသင့်ခဲ့သော ပျဥ်းမနားမြို့နယ်မှ Level...

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ် ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ(၁၆)တွင် ဒီဇင်ဘာ ၃၁ ရက်ည ၆ နာရီ ၅၀ မိနစ်ခန့်မှစတင်ကာ...

စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို...

စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ ဒီဇင်ဘာ ၃၁ ရက်ကကျင်းပသည့် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၁၁/၂၀၂၅) တွင်...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်...

မေး (၁) ။ ပြည်သူတွေနဲ့အတူ အခုလိုပါဝင်မဲပေးရတဲ့အပေါ် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုခံစားရပါသလဲ။ ဖြေ (၁) ။ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်ပြည်သူတွေနဲ့ တစ်သားတည်း မဲပေးခဲ့တယ်။...

လက်ဖက်စိုယဉ်ကျေးမှုအဖြစ် ယူနက်စကို စာရင်းသွင်းရန် လုပ်ဆောင်နေ

မြန်မာ့လက်ဖက်အစိုကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုတင်သွင်းရန် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်) မှ သိရသည်။ လက်ရှိတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံလက်ဖက်အသင်း...
HomeInternationalဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းနှင့် Bangladesh...

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းနှင့် Bangladesh Nationalist Party (BNP) ဥက္ကဋ္ဌ၏ နိုင်ငံတော်ဈာပနာအခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းနှင့် Bangladesh Nationalist Party (BNP) ဥက္ကဋ္ဌ၏ နိုင်ငံတော်ဈာပနာအခမ်းအနားသို့ ဒီဇင်ဘာ (၃၁) ရက်က တက်ရောက်ပြီး ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဒါကာမြိုရှိ South Plaza, Jatiya Sangsad Bhaban (National Parliament House) ၌ နေ့လယ် ၂ နာရီတွင် ပြုလုပ်ကျင်းပခဲ့သည့် ဝန်ကြီးချုပ်ဟောင်းနှင့် Bangladesh Nationalist Party (BNP) ဥက္ကဋ္ဌ Begum Khaleda Zia ၏ နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားသို တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း Begum Khaleda Zia သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် အဂတိလိုက်စားမှုဖြင့် ထောင်ချခံခဲ့ရခြင်းလည်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်တွင် အခြေအနေအချို့ဖြင့် ယာယီပြန်လွတ်လာပြီးနောက်ပိုင်း ခါလီဒါသည် အကြိမ်ကြိမ်ဆေးရုံတက်ခဲ့ရကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင်မူ ဆေးကုသမှုခံယူရင်း ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေအိမ်(၆၀)လုံးမီးလေ-ာင်ဆုံးရှုံးပြီး (၃၀၈)ဦးမီးဘေးသင့်ခဲ့သော ပျဥ်းမနားမြို့နယ်မှ Level 2 အဆင့်မီးလေ-ာင်မှု

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ် ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ(၁၆)တွင် ဒီဇင်ဘာ ၃၁ ရက်ည ၆ နာရီ ၅၀ မိနစ်ခန့်မှစတင်ကာ မီးလေ-ာင်မှုဖြစ်ပွား ၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက Level 2 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြ၍ ည ၈ နာရီတွင်မီးငြိမ်းသွားခဲ့သည်။ မီးလေ-ာင်မှုဖြစ်စဥ်အား ငြှိမ်းသတ်နေမှုကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦးမှ လာရောက်ကြည့်ရှုပြီး ဖြစ်စဥ်ကြောင့် နေအိမ်(၆၀)လုံးပျ-က်စီးဆုံးရှုံးကာ (၃၀၈)ဦးမီးဘေးသင့်ခဲ့သဖြင့် တပေါင်းကွင်း၌ ယာယီမီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာကူညီမှုများပြုလုပ်ပေးခဲ့သည်။ " မီးဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေကိုလည်း နေပြည်တော်ကောင်စီအနေနဲ့ စဉ်ဆက်မပြတ်ပံ့ပိုးဆောင်ရွက်ပေးသွားပါမယ်"ဟု...

စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည်

စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ ဒီဇင်ဘာ ၃၁ ရက်ကကျင်းပသည့် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၁၁/၂၀၂၅) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာအရင်းအမြစ်များအား ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဒေသခံများအကျိုးရှိမည့် လုပ်ငန်းများအားလုပ်ဆောင်ကာ ခရီးသွားလုပ်ငန်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်တို့ကို တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းစီးပွားရေးရာဝန်ကြီးက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများ၊ တိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီးဦးစီးမှူးက ခရီးသွားလုပ်ငန်းကော်မတီ (၁၀/၂၀၂၅) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည်များ၊ တိုင်းအတွင်းခရီးသွားဝင်ရောက်မှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ပေါ်ပြူလာနယူးစ်သတင်းဌာနမှ မေးမြန်းသည့် မေးခွန်းများနှင့် ပြန်လည်ဖြေကြားသည့် အဖြေများ

မေး (၁) ။ ပြည်သူတွေနဲ့အတူ အခုလိုပါဝင်မဲပေးရတဲ့အပေါ် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုခံစားရပါသလဲ။ ဖြေ (၁) ။ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်ပြည်သူတွေနဲ့ တစ်သားတည်း မဲပေးခဲ့တယ်။ ပြည်သူနဲ့ တစ်သားတည်းရှိကြောင်း ပြသနိုင်ခဲ့ပါတယ်။ ဆန္ဒမဲပေးတယ်ဆိုတာ အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဘယ်လောက်ပဲ ပညာပေးလှုံ့ဆော်မှုတွေလုပ်လုပ် မိမိအသိစိတ်နဲ့မိမိ တစ်ဦးချင်းက စိတ်ဆန္ဒအရဆုံးဖြတ်ရတာပါ။ မဲပေးခဲ့တဲ့ပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အဝအသုံးချလိုက်တာပါပဲ။ ဒီလို နိုင်ငံသားတာဝန်ကျေပွန်တဲ့ ပြည်သူတွေကို ချီးကျူးပါတယ်။ ကျွန်တော်သည်လည်း ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူနဲ့အတူမဲပေးခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လိုက်ကြည့်တဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071