Thursday, January 1, 2026

လက်ဖက်စိုယဉ်ကျေးမှုအဖြစ် ယူနက်စကို စာရင်းသွင်းရန် လုပ်ဆောင်နေ

မြန်မာ့လက်ဖက်အစိုကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုတင်သွင်းရန် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်) မှ သိရသည်။ လက်ရှိတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံလက်ဖက်အသင်း...

နှစ်သစ်ကူးည မော်လမြိုင်တွင် မီးလေ-ာင်မှုဖြစ်ပွား၊ နေအိမ်...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ ဒိုဘီချောင်ဝင်းအတွင်း နှစ်သစ်ကူးည ဒီဇင်ဘာလ (၃၁) ရက်ညနေ (၆) နာရီအချိန်၌ မီးလေ-ာင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၆)...

အိမ်အရောက်ပို့စနစ်ဖြင့် ပေါင်းဆန်ရောင်းချနိုင်ရန် စီစဉ်

ပြည်ပဈေးကွက်ကို အဓိကထားတင်ပို့နေသည့် ပေါင်းဆန်ကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ ပြည်ပဈေးကွက်ကို အဓိကထား တင်ပို့ရောင်းချနေပြီးကျန်းမာရေး အထောက်အကူပြု ဆန်ဖြစ်သည့် ပေါင်းဆန်ကို...

ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သည့် ကုမ္ပဏီ...

ယင်းကုမ္ပဏီနှင့် ဒါရို-က်တာအဖွဲ့ဝင်တို့အပေါ် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျ-က် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသဖြင့် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခံထားရသည့် ကုမ္ပဏီ (၁၉၇) ခု အနက်...
HomeNewsLocal Newsပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု နိုင်ငံတော်...

ပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု နိုင်ငံတော် ယာယီသမ္မတပြော

ပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု နိုင် ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင်ကျရောက်သည့် နှစ်သစ်ကူးနေ့၌ နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်ရှေ့ဆက်လျှောက်လှမ်းရမည့်လမ်းကြောင်းကိုမျှော်မှန်းပြီး ဦးတည်ချက်များ ခိုင်ခိုင်မာမာချမှတ်ကာ အကောင်အထည်ဖော်လျှောက်လှမ်းရာ၌ ပြည်သူ များ၏ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုကြောင့် ယခုအချိန်တွင် ပြည်သူအားလုံးလိုလားတောင့်တလျှောက်လှမ်းလိုသည့် ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဟု ပြောသည်။ ” ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က မြို့နယ်ပေါင်း(၁၀၂) မြို့နယ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ကျင်းပနိုင်ခဲ့တာဟာသက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ပါတီစုံဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ အင်တိုက်အား တိုက်ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ပါတယ်။ တက်ကြွစွာ လာရောက်မဲပေးကြတဲ့ မဲဆန္ဒရှင်ပြည်သူ၊ ပြည်သားအားလုံးကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။ ထို့ပြင် ရွေးကောက်ပွဲအား အပိုင်းလိုက်ကျင်းပနေခြင်းဖြစ်၍ ကျန်ရှိသည့်မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာနိုင်ငံသားတစ်ယောက်၏အခွင့်အရေးကို အပြည့်အဝအသုံးချပြီး ကျင်းပနေသောရွေး ကောက်ပွဲ၌ ပါဝင်မဲပေးကြဖို့လည်းလိုအပ်သည်ဟု ပြောသည်။ ထို့အတူ မိမိတို့အစိုးရကာလအတွင်း တွေ့ဆုံဆွေးနွေးမှုများမှရရှိလာသည့်ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင် အထည်ဖော်မည့်အချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေ(၂၀၀၈ ခုနှစ်)မှပြင်ဆင်နိုင်ရေးအတွက် အချက် (၄၃)ချက်တို့ကို သဘောတူညီခဲ့ပြီးဖြစ်၍ ဖြစ်ပေါ်လာမည့် လွှတ်တော်တွင်ဆွေးနွေးပြီး ဥပဒေနှင့်အညီဆက် လက်ဆောင်ရွက်သွားရမည်ဟု ပြောသည်။ ထို့ကြောင့် ရွေးကောက်ပွဲပြီးကာလတွင် ထွက်ပေါ်လာမည့်အစိုးရကို နိုင်ငံ့တာဝန်များလွှဲပြောင်းပေးအပ်ပြီး ဒု တိယစာမျက်နှာကို အကောင်းဆုံးဖြစ်အောင်ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကာ ကူးပြောင်းရောက်ရှိသော ၂၀၂၆ ခုနှစ်သည် မိမိတို့နိုင်ငံအတွက် မင်္ဂလာရှိသော နှစ်သစ်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကိုပြန်လည်တည်ဆောက်နိုင်မည့်နှစ်ဟုယုံကြည်ပြီး ပြည်သူတစ် ရပ်လုံး လိုလားတောင့်တနေသည့် ရေရှည်တည်တံ့ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မည့်နှစ်တစ်နှစ်ဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည့်နှစ်ဖြစ်လာမည်ကိုယုံကြည်သည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်ဖက်စိုယဉ်ကျေးမှုအဖြစ် ယူနက်စကို စာရင်းသွင်းရန် လုပ်ဆောင်နေ

မြန်မာ့လက်ဖက်အစိုကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုတင်သွင်းရန် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်) မှ သိရသည်။ လက်ရှိတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်) တို့ ပူးပေါင်းကာ ယူနက်စကို သတ်မှတ်ပုံစံ ICH-02 Form ဖြည့်သွင်းလုပ်ဆောင်နေပြီး Consent Letter and Video၊ Statement Letter and Video ကိစ္စများအတွက်လည်း လုပ်ဆောင်နေကြောင်း သိရသည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် တင်သွင်းနိုင်ရေး မြန်မာနိုင်ငံက ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်နိုင်ငံအဖြစ်...

နှစ်သစ်ကူးည မော်လမြိုင်တွင် မီးလေ-ာင်မှုဖြစ်ပွား၊ နေအိမ် (၆) လုံးခန့် မီးလေ-ာင်ဆုံးရှုံး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ ဒိုဘီချောင်ဝင်းအတွင်း နှစ်သစ်ကူးည ဒီဇင်ဘာလ (၃၁) ရက်ညနေ (၆) နာရီအချိန်၌ မီးလေ-ာင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၆) လုံးခန့် မီးလေ-ာင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလေ-ာင်ကျွမ်းမှုကို (၁) နာရီနီးပါးကြား ငြိမ်းသ-တ်ခဲ့ရပြီး မီးလေ-ာင်ပြင်သို့ မော်လမြိုင်မြို့နယ် မီးသ-တ်စခန်းမှ မီးသ-တ်ယာဉ်အုပ်စုများ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက ငြိမ်းသ-တ်ခဲ့ရကြောင်း သိရသည်။ မီးလေ-ာင်မှုအတွင်း လူထိခိုက်‌ေ-သဆုံးမှုမရှိကြောင်းနှင့် မည်သည့်အတွက်ကြောင့် မီးလေ-ာင်ကျွမ်းသည်ကို စစ်ဆေးနေဆဲဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်များထံက သိရသ ည်။ ထို့အတူ နှစ်သစ်ကူးည ဒီဇင်ဘာ (၃၁) ရက်...

အိမ်အရောက်ပို့စနစ်ဖြင့် ပေါင်းဆန်ရောင်းချနိုင်ရန် စီစဉ်

ပြည်ပဈေးကွက်ကို အဓိကထားတင်ပို့နေသည့် ပေါင်းဆန်ကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ ပြည်ပဈေးကွက်ကို အဓိကထား တင်ပို့ရောင်းချနေပြီးကျန်းမာရေး အထောက်အကူပြု ဆန်ဖြစ်သည့် ပေါင်းဆန်ကို ပြည်တွင်း၌ အိမ်အရောက်ပို့ စနစ်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ပေါင်းဆန်ကို ဥရောပဈေးကွက်သို့ အများဆုံး တင်ပို့နေပြီး ပြည်တွင်းမှာပါ ပိုမိုဖြန့်ဖြူးနိုင်ရန်အတွက် အိမ်အရောက်ပို့စနစ် သို့မဟုတ် လက်လီဆန် အရောင်းဆိုင်များကို ဖြန့်ဖြူးရောင်းချနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေး အထောက်အကူပြု ဆန်များဖြစ်သည့် ပေါင်းဆန်၊ ဆန်လုံးညိုနှင့် အားဖြည့်ဆန်များသည် ပြည်တွင်းဈေးကွက်၌ ဝယ်လိုအားနည်းခြင်းကြောင့် ပြည်ပဈေးကွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071