ပြည်ပသို့ အရေးပေါ် သွားရောက်လိုသူများအနေဖြင့် အွန်လိုင်း booking တင်ရာ၌ စောင့်ဆိုင်းရန် မလိုဘဲ အမြန်ဝန်ဆောင်မှုကို ဇန်နဝါရီ (၅) ရက်နေ့ စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
အွန်လိုင်း booking တင်ရာတွင်လည်းကောင်း၊ ရုံးတွင်းဆောင်ရွက်ရာတွင်လည်းကောင်း စောင့်ဆိုင်းစရာမလိုဘဲ အမြန်ဝန်ဆောင်မှုဖြင့် လျှောက်ထားနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝန်ဆောင်မှုအရ လျှောက်လွှာလက်ခံပြီး ၅ ရက်အကြာတွင် နိုင်ငံကူးစာအုပ် (passport) ရမည်ဖြစ်ပြီး စာအုပ်ဖိုးအပါအဝင် အမြန်ဝန်ဆောင်ခသည် ကျပ်( ၅၄၅,၀၀၀) ဖြစ်သည်။
အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ဝက်ဆိုဒ်၌ ဖော်ပြထားကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
