သီတင်းပတ်ကုန်ပိုင်းတွင်ရရှိခဲ့သော နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး အသစ်တဖန် သဘောတူညီမှုအရ ထိုင်းနိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နှစ်နိုင်ငံအာဏာပိုင်များက ပြောကြားခဲ့သည်။
စနေနေ့ မွန်းတည့်ချိန်မှစကာ တို-က်ပွဲများရပ်တန့်ကြရန် အရှေ့တောင်အာရှအိမ်နီးချင်းနှစ်နိုင်ငံ သဘောတူခဲ့ကြခြင်းဖြစ်ပြီး နှစ်ဖက်ပေါင်း လူ ၁၀၁ ဦးေ-သဆုံးကာ အရပ်သား ငါးသိန်းကျော် စစ်ဘေးရှောင်ရသော ရက် ၂၀ ခန့်ကြာခဲ့သည့် တို-က်ပွဲများကို အဆုံးသတ်စေခဲ့သည်။ တို-က်ပွဲများတွင် တို-က်လေယာဉ်အသုံးပြုတို-က်ခို-က်ခြင်းများ၊ ရော့ကက်နှင့် အမြောက်ကြီးများဖြင့် အပြန်အလှန်ပ-စ်ခ-တ်မှုများ လုပ်ခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် ၁၅၅ ရက်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် စစ်သားများကို နယ်စပ်စစ်ဆေးဂိတ်တွင် ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီက လွှဲပြောင်းပေးခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မလီဆိုချီတာက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဘတ်မ်ဘန်းပြည်နယ်အုပ်ချုပ်ရေးမှူး ဆော့ခ်လူးက ပြန်ရောက်လာသော စစ်သားများကို “သူရဲကောင်းစစ်သည်များ” အဖြစ် ဖော်ပြခဲ့သည်။
စစ်သားများကို ထိန်းသိမ်းထားစဉ်အတွင်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ၊ အခြေခံမူများနှင့်အညီ ဆက်ဆံထားရှိခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့က ကြားဝင်စေ့စပ်ပေးခဲ့သော ယခင်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ယခုလအတွင်း နယ်စပ်တို-က်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Ref: စီအင်န်အင်န်
