Monday, December 29, 2025

ရွေးကောက်ပွဲ အပိုင်း (၁) တွင်...

ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) ၌ ပြည်သူ့ရှေ့ဆောင်ပါတီ ရှုံးနိမ့်ခဲ့ကြောင်း အဆိုပါ ပါတီမှ သိရသည်။ လက်ရှိ...

လင်းခေးမြို့တွင် ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ / SNDP) မှ စိုင်းဆေဟန် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ ပါတီမှသိရသည်။ ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း (၃)...

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပခဲ့ပြီးဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း မဲရုံ (၁၃၁၃) ရုံ ဖွင့်လှစ်ပြီး မဲပေးမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း...

ရွေးကောက်ပွဲ အပိုင်း (၁) တွင်...

ဒီဇင်ဘာ (၂၈) ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရေတွက်မှုရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အသာစီးရနေကြောင်း မဲရေတွက်မှုရလဒ်များအရ...
HomeNewsLocal Newsရန်ကုန်တိုင်း၌ ရွေးကောက်ပွဲအပိုင်း (၂)...

ရန်ကုန်တိုင်း၌ ရွေးကောက်ပွဲအပိုင်း (၂) အား မဲရုံ (၁,၁၇၁) ဖွင့်လှစ်ကျင်းပမည်

လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အား ဒီဇင်ဘာ ၂၈ ရက်ကကျင်းပပြီးစီးခဲ့ရာ ရန်ကုန်တိုင်းရှိ မြို့နယ် (၁၂) ခုတွင် မဲရုံ (၁,၃၁၃) ရုံဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုပြီး လွတ်လပ်စွာဖြင့်ဆန္ဒမဲများပေးခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် အပိုင်း (၂) အဖြစ်ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ရန်ကုန်တိုင်းရှိ ဗဟန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဒေါပုံမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ လှိုင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ လှည်းကူးမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ကိုကိုးကျွန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် မဲရုံ (၁,၁၇၁) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၂၅ ရက်တွင်ကျင်းပမည့် ရွေးကောက် ပွဲအပိုင်း (၃) တွင်လည်း ရန်ကုန်တိုင်းရှိ ဒဂုံမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဆိပ်ကြီး/ခနောင်တိုမြို့နယ်၊ ဒလမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း) နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တို့တွင် မဲရုံ (၁,၃၀၀) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲအပိုင်း (၁) အား ရန်ကုန်တိုင်းရှိ ကမာရွတ်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ တွံတေးမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်နှင့် အလုံမြို့နယ်တို့၌ကျင်းပခဲ့ကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၃) တို့အား ရန်ကုန်တိုင်းရှိ မြို့ နယ်ပေါင်း (၄၅) မြို့နယ်တွင် မဲရုံပေါင်း (၃,၇၈၄) ရုံ ဖွင့်လှစ်ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄,၉၃၈,၈၂၃) ဦး ရှိပြီး နိုင်ငံရေးပါတီ (၂၀) ခုမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ (၄၆) ဦီး (စုစုပေါင်း ၉၈၂) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ရှုံးနိမ့်

ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) ၌ ပြည်သူ့ရှေ့ဆောင်ပါတီ ရှုံးနိမ့်ခဲ့ကြောင်း အဆိုပါ ပါတီမှ သိရသည်။ လက်ရှိ မဲရလဒ်အခြေအနေအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ အနိုင်ရရှိနေ‌ကြောင်းလည်း သိရသည်။ "ကျွန်တော်တို့ မနိုင်ပါဘူးဗျ တစ်နေရာမှ။ အပိုင်း (၁) ရဲ့အတွေ့အကြုံကိုယူပြီး အပိုင်း (၂) နဲ့ (၃) မှာ ဒီထက်ကောင်းအောင် ကြိုးစားဖို့အတွက် ဆောင်ရွက်နေပါတယ်။ တခြားတိုင်းတွေမှာလည်း မနိုင်ပါဘူးခင်ဗျ။ USDP ပဲနိုင်တဲ့သဘောမှာရှိတယ်လို့ ကြားပါတယ်။ ၉၅...

လင်းခေးမြို့တွင် ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ / SNDP) မှ စိုင်းဆေဟန် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ ပါတီမှသိရသည်။ ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ထွန်းကို အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "မန္တလေးက မြို့နှစ်မြို့နဲ့ ရှမ်းပြည်က တစ်မြို့ ကျွန်တော်တို့အနိုင်ရထားပါတယ်။ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်က မန္တလေးမှာ နှစ်နေရာနိုင်ထားတယ်။ သူကတစ်တိုင်းလုံးပြန်ပေါင်းမှာ။ တစ်တိုင်းလုံးနိုင်မှ တတ်မှာ။ လင်းခေးမြို့ကတော့ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရတာပါ" ဟု ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ / SNDP)...

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းအတွက် မဲရုံ စုစုပေါင်း (၃၇၈၄) ရုံ ဖွင့်လှစ်မည်ဖြစ်ပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄,၉၃၈,၈၂၃) ဦးရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပခဲ့ပြီးဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း မဲရုံ (၁၃၁၃) ရုံ ဖွင့်လှစ်ပြီး မဲပေးမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းလုံးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် မဲရုံပေါင်း ၃၇၈၄ ရုံ ဖွင့်လှစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၉၃၈၈၂၃ ဦးရှိကြောင်း သိရသည်။ ထို့အတူ နိုင်ငံရေးပါတီပေါင်း ၂၀ နှင့် တစ်သီးပုဂ္ဂလ ၄၆ ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၈၂ ဦး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071