Monday, December 29, 2025

ပြင်ဦးလွင်မြို့နယ်၌ ဆန္ဒမဲရလဒ်များအရ USDP ပါတီက...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးအပါအဝင် USDP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဥ်ပြိုင်ရွေးချယ်ခံခဲ့သည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၌ ရွေးကောက်ပွဲပြီး၍ မဲဆန္ဒရှင်များပေးထားသော...

ဘင်္ဂလားဒေ့ရှ်ကျောင်းသားပါတီက အစ္စလာမ်မစ်ပါတီနှင့် မဟာမိတ်ဖွဲ့

ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ဖြုတ်ချခဲ့သော ဆန္ဒပြလှုပ်ရှားမှုများမှ ပေါက်ဖွားလာသည့် ကျောင်းသားများဦးဆောင်သော ဘင်္ဂလားဒေ့ရှ်ပါတီသည် ဖေဖော်ဝါရီလ၏ ရွေးကောက်ပွဲမတိုင်မီတွင် အစ္စလာမ်မစ်ပါတီ ဂျမတ် အီး အစ္စလာမ်မီပါတီနှင့်...

ဆိုမာလီလန်ကို အသိအမှတ်မပြု–တရုတ်

ဆိုမာလီယာနိုင်ငံရှိ နယ်မြေများကို ခွဲထုတ်ရန်ကြိုးပမ်းမှုမှန်သမျှကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြောကြားလိုက်ပြီး တရုတ်နိုင်ငံသည် အရှေ့အာဖရိကနိုင်ငံ၏ အချုပ်အခြာအာဏာ၊...

ရွေးကောက်ပွဲ အပိုင်း (၁) တွင်...

ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) ၌ ပြည်သူ့ရှေ့ဆောင်ပါတီ ရှုံးနိမ့်ခဲ့ကြောင်း အဆိုပါ ပါတီမှ သိရသည်။ လက်ရှိ...
HomeInternationalတရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ပတ်ပတ်လည်တွင် စစ်ရေးလေ့ကျင့်မှုများ...

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ပတ်ပတ်လည်တွင် စစ်ရေးလေ့ကျင့်မှုများ စတင်

ဒီဇင်ဘာ ၂၉

အမေရိကန်ပြည်‌ထောင်စုက ထိုင်ဝမ်နှင့် သမိုင်းတစ်လျှောက် အကြီးမားဆုံးလက်နက်ရောင်းဝယ်ရေး စာချုပ်ကို အတည်ပြုခဲ့ပြီးနောက် နိုင်ငံတော်စည်းလုံးညီညွတ်ရေးကို ကာကွယ်ရန်အတွက် “တရားဝင်ပြီး လိုအပ်သော” လုပ်ဆောင်ချက်ဟုဆိုကာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ) သည် တနင်္လာနေ့တွင် ထိုင်ဝမ်ကျွန်းပတ်ပတ်လည်၌ စစ်ရေးလေ့ကျင့်မှုများကို စတင်ခဲ့ကြောင်း သိရှိရပါသည်။

ပီအယ်လ်အေ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူဝါရင့်ဗိုလ်မှူးကြီး ရှီယီက ယခုစစ်ရေးလေ့ကျင့်မှုသည် “ခွဲထွက်ရေးအင်အားစုများ” နှင့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများကို သတိပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“၂၀၂၅ တရားမျှတရေးအထူးတာဝန်” ဟု အမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်ရေလက်ကြားရှိ ရေပြင်နှင့် ဝေဟင်နယ်မြေများအပြင် ထိုင်ဝမ်ကျွန်းမကြီး၏ မြောက်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့တောင်ဘက်နှင့် အရှေ့ဘက်နယ်မြေများတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှုတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း ရှီက ပြောကြားထားပါသည်။

ထို့အပြင် ကျည်စစ်ကျည်မှန်များဖြင့် ပ-စ်ခတ်လေ့ကျင့်မှုကို အင်္ဂါနေ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အရှေ့ပိုင်းစစ်ဌာနချုပ်၏ သီးခြားထုတ်ပြန်ချက်တစ်ခုတွင်လည်း ဖော်ပြထားပါသည်။

“ယခုလုပ်ဆောင်ချက်သည် ‘ထိုင်ဝမ်လွတ်လပ်ရေး’ ခွဲထွက်ရေးအင်အားစုများအတွက် ပြင်းထန်သော သတိပေးချက်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော်ညီညွတ်ရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် တရားဝင် လိုအပ်သော စစ်ရေးဆောင်ရွက်မှုအား လုပ်ဆောင်ခြင်း ဖြစ်သည်” ဟု ဗိုလ်မှူးကြီး ရှီယီက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Ref: မိုင်နျူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြင်ဦးလွင်မြို့နယ်၌ ဆန္ဒမဲရလဒ်များအရ USDP ပါတီက အသာစီးရထား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးအပါအဝင် USDP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဥ်ပြိုင်ရွေးချယ်ခံခဲ့သည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၌ ရွေးကောက်ပွဲပြီး၍ မဲဆန္ဒရှင်များပေးထားသော မဲရလဒ်များအရ USDP ပါတီမှ အသာစီးရထားကြောင်း သိရသည်။ USDP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊အမျိုးသားလွှတ် တော် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် (FPTP) မဲဆန္ဒနယ်တို့တွင် အခြားနိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်ထက် ပိုမိုအသာစီးရထားကြောင်း သိရသည်။ ပြင်ဦးလွင်မြို့နယ်၌ USDP ပါတီကိုယ်စားပြု၍  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးမြထွန်းဦး၊ အမျိုးသားလွှတ်တော် (FPTP) ကိုယ်စားလှယ်လောင်းအဖြစ်...

ဘင်္ဂလားဒေ့ရှ်ကျောင်းသားပါတီက အစ္စလာမ်မစ်ပါတီနှင့် မဟာမိတ်ဖွဲ့

ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ဖြုတ်ချခဲ့သော ဆန္ဒပြလှုပ်ရှားမှုများမှ ပေါက်ဖွားလာသည့် ကျောင်းသားများဦးဆောင်သော ဘင်္ဂလားဒေ့ရှ်ပါတီသည် ဖေဖော်ဝါရီလ၏ ရွေးကောက်ပွဲမတိုင်မီတွင် အစ္စလာမ်မစ်ပါတီ ဂျမတ် အီး အစ္စလာမ်မီပါတီနှင့် ရွေးကောက်ပွဲမဟာမိတ်ဖွဲ့ခဲ့သောကြောင်း ပါတီတွင်း သဘောထားကွဲလွဲမှုများကိုဖြစ်စေခဲ့သည်။ ၂၀၂၄ ခုနှစ် ဆန္ဒပြအုံကြွမှုနောက်ပိုင်း နေရှင်နယ်စီတီဇန်ပါတီ (အင်န်စီပီ) သည် ဆွေမျိုးကောင်းစားရေးဝါဒနှင့် နှစ်ပါတီလွှမ်းမိုးထားသည့်နိုင်ငံရေးတွင် အလယ်အလတ် ပြုပြင်ပြောင်းလဲရေးပါတီအဖြစ် ကိုယ့်ကိုကိုယ်ပုံဖော်ခဲ့သော်လည်း ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ လမ်းပေါ်ထွက်ခဲ့သောအင်အားကို မဲဆန္ဒရှင်များ၏ ထောက်ခံမှုအဖြစ်ပြောင်းလဲရန် ရုန်ကြိုးစားရုန်းကန်နေသည်။ ပါတီသည် ပိုမိုစည်းလုံးညီညွတ်ရေးအတွက် မဟာမိတ်အဖွဲ့သို့ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း အင်န်စီပီ အကြီးအကဲ နာဟစ် အစ္စလာမ်က ဒီဇင်ဘာလ...

ဆိုမာလီလန်ကို အသိအမှတ်မပြု–တရုတ်

ဆိုမာလီယာနိုင်ငံရှိ နယ်မြေများကို ခွဲထုတ်ရန်ကြိုးပမ်းမှုမှန်သမျှကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြောကြားလိုက်ပြီး တရုတ်နိုင်ငံသည် အရှေ့အာဖရိကနိုင်ငံ၏ အချုပ်အခြာအာဏာ၊ စည်းလုံးညီညွတ်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ထောက်ခံကြောင်း အတည်ပြုခဲ့သည်။ ကိုယ့်အကျိုးစီးပွားအတွက် တခြားနိုင်ငံတွေရဲ့ ပြည်တွင်းခွဲထွက်ရေး အင်အားစုတွေကို အားပေးအားမြှောက်ပြုခြင်းမျိုး သို့မဟုတ် ထောက်ခံခြင်းမျိုးကို မည်သည့်နိုင်ငံကမှ မလုပ်သင့်‌ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက သတင်းထောက်များကို ပြောကြားခဲ့ပြီး ဆိုမာလီလန်အာဏာပိုင်များအနေဖြင့် ခွဲထွက်ရေးလှုပ်ရှားမှုများနှင့် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်ခြင်းများကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။ အစ္စရေးသည် ဒီဇင်ဘာလ ၂၆ ရက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071