ပြည်သူများဆန္ဒမဲပေးရန် တန်းစီစောင့်ဆိုင်း၍ မှန်ကန်သည့်အစိုးရတစ်ရပ်နှင့် အနာဂတ်ကိုရွေးချယ်နေကြသည်ကိုကြည့်ရုံနှင့်သိဟု မြန်မာနိုင်ငံရွေးကောက်ပွဲအား နိုင်ငံတကာလေ့လာစောင့်ကြည့်သူအဖြစ် ရောက်ရှိနေလေ့လာနေသူ ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥ က္ကဋ္ဌ H.E Mr. Sholban Kara-Ool ကပြောသည်။
“ပြည်သူတွေဆန္ဒမဲပေးဖို့ တန်းစီစောင့်ဆိုင်းပြီး မှန်ကန်တဲ့အစိုးရတစ်ရပ်ကို ရွေးချယ်နေတယ်၊ အနာဂတ်ကို ရွေးချယ်နေတယ်ဆိုတာ ကြည့်ရုံနဲ့သိပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်လည်း လာရောက်စစ်ဆေးကြီးကြပ်နေတယ်။ ဒါကိုကြည့်ခြင်းဖြင့် ပြည်သူတွေရော နိုင်ငံ့ခေါင်းဆောင်တွေပါ ရွေးကောက်ပွဲကို စိတ်အားထက်သန်ကြတယ်ဆိုတာ တွေ့ရတယ်” ဟု ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E Mr. Sholban Kara-Ool ကပြောသည်။
ပြည်သူများသည် ၎င်းတို့အတွက် ခေါင်းဆောင်၊ မှန်ကန်သည့်အစိုးရကို လျှို့ဝှက်စွာဆန္ဒမဲပေးရွေးချယ်နေကြကာ ယင်းသို့ ဆန္ဒမဲပေးနိုင်ရန်လည်း စနစ်တကျစီစဉ်ထားတာသည်ကိုတွေ့ရှိရပြီး ရုရှားနိုင်ငံတွင်လည်း ရွေးကောက်ပွဲကို ယခုပုံစံအတိုင်းကျင်းပကာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းသည် စစ်မှန်သည်အစိုးရ တစ်ရပ်ထွက်ပေါ်လာမည်ကိုယုံကြည်သည်ဟု ပြောသည်။
“ကျွန်တော်မြင်ရတာ ဒီရွေးကောက်ပွဲမှာ ပါတီတွေအများကြီးဝင်ရောက်ယှဉ်ပြိုင်တာတွေ့ရပါတယ်။ ပါတီရဲ့မူဝါဒတွေအပေါ်မှာ ပြည်သူတွေက နိုင်ငံအတွက် သင့်လျော်မယ့်ခေါင်းဆောင်ကို ဆုံးဖြတ်ရွေးချယ်နေကြတယ်။ ဒီစနစ်က ဒီမိုကရေစီလမ်းကြောင်းကိုသွားမယ်ဆိုရင် အင်မတန်ကောင်းမွန်တဲ့စနစ်ဖြစ်ပါတယ်။ ပြည်သူတွေက အခုလိုစိတ်အားထက်သန်စွာ မဲပေးနေတာနိုင်ငံကို ပိုမိုကောင်းမွန်စေလိုတဲ့ စိတ်ဆန္ဒရှိတယ်ဆိုတာ တွေ့ရပါတယ်” ဟု ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E Mr. Sholban Kara-Ool က ပြောသည်။
ရွေးကောက်ပွဲကိုအောင်မြင်အောင်ပြုလုပ်နေကာ နိုင်ငံ့အကြီးအကဲများမှလည်း ယင်းအခြေအနေဖြစ်ရန် စိတ်အားထက်သန်စွာဖန်တီးပေးသဖြင့် ရွေးကောက်ပွဲအလွန်တွင် လွှတ်တော်တွေပေါ်လာမည်၊ အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည်၊ နိုင်ငံတည်ငြိမ်အေးချမ်းရန် အစိုးရသစ်မှ ဆက်လက်ဆောင်ရွက်မည်ဖြစ်ရာ ယင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို လုပ်ဆောင်နိုင်မည်ဟုလည်း ဒူးမားလွှတ်တော် ဒု-ဥက္က ဋ္ဌ H.E Mr. Sholban Kara-Ool က ပြောကြားခဲ့သည်။
