Sunday, December 28, 2025

မုံရွာမြို့သတ်မှတ်မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၂၈) ရက်၊...

ညနေ (၄) နာရီ မဲရုံပိတ်မည်ဆိုသော်လည်း...

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ယနေ့ ဒီဇင်ဘာ (၂၈) ရက် နံနက်ပိုင်းမှစတင်ကျင်းပပြုလုပ်လျက်ရှိရာ၊ ညနေ (၄)...
HomeNewsLocal Newsမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရ...

မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရ အဖွဲ့ဝန်ကြီးများဆန္ဒမဲပေး

ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပသည့် ရွေးကောက်ပွဲအား မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက သတ်မှတ်မဲရုံအသီးသီးတွင် ဆန္ဒမဲများပေးခဲ့ကြသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ (အနောက်) ရပ်ကွက်ရှိ မဲရုံအမှတ် (၁) ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးသည် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မဲရုံအမှတ် (၇) ၊ မြို့တော်ဝန်ဦးကျော်ဆန်းသည် ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ မဲရုံအမှတ် (၃) တို့၌ မဲဆန္ဒရှင်ပြည်သူများနှင့်အတူ ဆန္ဒမဲများပေးခဲ့ကြသည်။

ထို့ပြင် မန္တလေးတိုင်းအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်ဇနီးသည် အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ မဲရုံအမှတ် (၂) ၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ အစိုးရအဖွဲ့ရုံးအတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် မိသားစုတို့သည် အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ မဲရုံအမှတ် (၁) ၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် မိသားစု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်ဇနီးသည် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ မဲရုံအမှတ် (၂) တို့တွင် မဲဆန္ဒရှင်ပြည်သူများနှင့်အတူ ဆန္ဒမဲများပေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့သတ်မှတ်မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၂၈) ရက်၊ နံနက်ပိုင်းတွင် အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ) သို့ လာရောက်ကာ သတ်မှတ်မဲရုံများတွင် နန္ဒဝန်ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုများနှင့် မဲဆန္ဒရှင်ပြည်သူများအား သောက်သုံးရေများနှင့် အချိုရေများ ဝေငှပေးနေမှုကို ကြည့်ရှုခဲ့သည်။ ထို့ပြင် မုံရွာမြို့၊ ပြည်သူ့ကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမရှိ သတ်မှတ်မဲရုံများတွင် ရုံးကြီးရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆန္ဒမဲပေးနေမှုများအား လည်းကောင်း လိုက်လံကြည့်ရှုခဲ့ကြပြီး...

ညနေ (၄) နာရီ မဲရုံပိတ်မည်ဆိုသော်လည်း မဲရုံပရဝဏ်အတွင်း မဲဆန္ဒရှင်များကျန်ရှိနေပါက မဲပေးခွင့်ပြုသွားမည်ဟုဆို

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ယနေ့ ဒီဇင်ဘာ (၂၈) ရက် နံနက်ပိုင်းမှစတင်ကျင်းပပြုလုပ်လျက်ရှိရာ၊ ညနေ (၄) နာရီ မဲရုံပိတ်မည်ဆိုသော်လည်း မဲရုံပရဝဏ်အတွင်း မဲဆန္ဒရှင်များကျန်ရှိနေပါက မဲပေးခွင့်ပြုသွားမည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌ မဲရုံပေါင်း (၃၃၅) ရုံ ဖွင့်လှစ်ထားရာ အသက် (၁၈) နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်ပြည်သူ (၅၉၄,၅၅၀) ဦး မဲဆန္ဒပေးခွင့်ရှိကြောင်းဆိုသည်။ ယနေ့တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေစက် (MEVM) ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071