ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ်ဆောင်ရွက်နေမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင်ဦးမျိုးလှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့လည်ပိုင်းက ကာဇက်စတန်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒု-ဥက္ကဋ္ဌ H.E. Mr. Yerman နှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
UEC အဖွဲ့ဝင်ဦးမျိုးလှိုင်မှ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲကို လာရောက်လေ့လာခြင်းအားကျေးဇူးတင်ရှိပြီး ရွေး ကောက်ပွဲတွင် စောင့်ကြည့်လေ့လာရမည့်အစီအစဉ်များ၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ကာဇက်စတန်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒု- ဥက္ကဋ္ဌ H.E. Mr. Yerman Mukhtar မှလည်း ကာဇက်စတန်နိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်ပတ် သက်၍ ဆောင်ရွက်ရမှုကို ဆွေးနွေးပြောကြားပြီး မြန် မာနိုင်ငံရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မေးမြန်းရာ UEC အဖွဲ့ဝင်ဦးမျိုးလှိုင်က ပြန်လည်ဖြေ ကြားခဲ့သည်။