Sunday, December 28, 2025

နိုင်ငံတော် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၅ ခုနှစ်...

ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲစတင်ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ...
HomeNewsLocal NewsUEC ဥက္ကဋ္ဌ ဦးသန်းစိုးနှင့်...

UEC ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ရုရှားနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov တို့တွေ့ဆုံ

မြန်မာနိုင်ငံအတွက်အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်မည်ကိုယုံကြည်ဟု Mr. Igor Borisov ပြော

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးနှင့် ရုရှားနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ဝင် Mr. Igor Borisov တို့ ယနေ့ ဒီဇင်ဘာ ၂၇ ရက်မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဥ် ရုရှားနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ဝင် Mr. Igor Borisov က ရုရှားနိုင်ငံအနေဖြင့် ယခုလို လာရောက်လေ့လာခွင့်ရ၍ ဝမ်းသာဂုဏ်ယူမိကာ မြန် မာနိုင်ငံအတွက် အောင်မြင်သည့်ရွေးကောက်ပွဲဖြစ်မည်ဟုယုံကြည်ပြီး ရွေးကောက်ပွဲကိုလေ့လာရန် ဖိတ်ကြားမှုအတွက်အထူးကျေးဇူးတင်သည်ဟု ပြောကြားသည်။

ထို့နောက် UEC ဥက္ကဋ္ဌဦးသန်းစိုးမှ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအပေါ်ထောက်ခံအားပေး မှုနှင့် လာရောက်စောင့်ကြည့်လေ့လာမှုတို့အတွက် အ ထူးကျေးဇူးတင်ကာ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဒီမိုကရေစီစံချိန်စံညွှန်းများအတိုင်း စနစ် တကျဆောင်ရွက်လျက်ရှိသည်ဟု ဆွေးနွေးပြောကြားသည်။

ထို့ပြင် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာမီဒီယာနှင့် ပြည်တွင်းမီဒီယာများအား လေ့ လာသတင်းရယူခွင့်ပြုထားမှု၊ နှစ်နိုင်ငံရွေးကောက်ပွဲ ကော်မရှင်များကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ တွင် စောင့်ကြည့်လေ့လာရမည့်အစီအစဉ်များနှင့် ရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်ထားရှိမှုတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071