ရှပ်ရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကိုလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ပြီးဖြစ်ခြင်းကြောင့် ရုပ်ရှင်လုပ်ငန်းအမျိုးအစား (၈) မျိုးအပြင် နောက်ထပ် လုပ်ငန်းလိုင်စင်လျှောက်ထားပြီးမှ လုပ်ကိုင်ဆောင်ရွက်ရမည် လုပ်ငန်းအမျိုးအစား (၆) မျိုးကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ရုပ်ရှင်သင်တန်းကျောင်းဖွင့်လှစ်ခြင်း၊ ရုပ်ရှင်ရိုက်ကူးရေးသုံးပစ္စည်းများဌားရမ်းခြင်း၊ ရုပ်ရှင်ထုတ်လုပ်ရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းကိုင်ခြင်း၊ ရုပ်ရှင်စတူဒီယို (studio) တည်ထောင်လုပ်ကိုင်ခြင်း၊ ရုပ်ရှင်ကား အရုပ်၊ အသံကူးပြောင်းမှုနှင့် အထူးပြုလုပ်ချက်များဆောင်ရွက်ခြင်း၊ အွန်လိုင်းရုပ်ရှင်ရုံတည်ထောင်ခြင်း၊ အက်ပလီကေးရှင်းများအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း၊ အွန်လိုင်းပလက်ဖောင်းများအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြန်ကြားရေးဦးစီးဌာနများသို့ လျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုလည်း ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးရုံးသို့ စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးထားသည်။
