ကွယ်လွန်ပြီဟုပြောဆိုနေခြင်းမှာ သတင်းမှားသာဖြစ်
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိပြီး ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ပြောဆိုနေခြင်းမှာသတင်းမှားသာဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဒီဇင်ဘာ ၁၆ ရက်က အသိပေးခဲ့သည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီဟု သတင်းမှားများထုတ်လွှင့်နေခြင်းသည် မကြာမှီကျင်းပမည့် ရွေးကောက်ပွဲအားနှောင့်ယှက်လို၍ အချိန်ကိုက်လုပ်ကြံဖြန့်ဝေနေခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။
