ယခုရက်ပိုင်းအတွင်း စျေးကွက်အတွင်းသို့ သဇင်ပန်းများဝင်ရောက်လာပြီဖြစ်သလို ယခင်နှစ်ထက် စျေးနှစ်ဆ မြင့်တက်နေကြောင်း အလှပန်းမျိုးစုံရောင်းဝယ်သူများထံမှ သိရသည်။
ယမန်နှစ်တွင် အခက်သေးတစ်ခက်လျှင် (၃၀၀၀/၄၀၀၀) ကျပ်ရှိရာမှ ယခုအခါ (၇၀၀၀/၈၀၀၀) ကျပ် ရှိကြောင်း အခက်ကြီး ဆိုဒ်အလှတစ်ခက်လျှင် (၁၅၀၀၀) ကျပ် ရှိကြောင်း သိရသည်။
သဇင်ပန်းများ စိုက်ပျိုးရာခြံအချို့တွင် နိုဝင်ဘာလအတွင်း စတင်ပွင့်လာလေ့ရှိပြီး လကုန်ပိုင်းမှသာ စတင်ရောင်းချလေ့ရှိသလို ယခုဒီဇင်ဘာ ပထမပတ်အတွင်း သဇင်ခြံအများစုမှ ပေါ်ထွက်စပြုလာခြင်းလည်း ဖြစ်သည်။
စျေးကွက်အတွင်း၌ (၄) လက်မအရွယ်ကို အခက်သေးအဖြစ်လည်းကောင်း၊ (၅) လက်မမှ (၆)လက်မအရွယ်ကို အခက်အလတ်၊ (၆) လက်မနှင့်အထက်ကို အခက်ကြီးအဖြစ် သတ်မှတ်ပြီး ရောင်းချကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ် သဇင်ပန်းပေါ်ချိန်တွင် (၄၀၀၀) ကျပ်အထိ မြင့်တက်လာပြီး ယခုနှစ်တွင် (၈၀၀၀) ကျပ်အထိပင်ဖြစ်လာကာ ယခင်နှစ်ကထက် နှစ်ဆလောက် မြင့်တက်လာခြင်းလည်း ဖြစ်သည်။
ရန်ကုန်စျေးကွက်အတွင်း မင်္ဂလာဒုံ၊ မှော်ဘီဘက်ရှိ သဇင်ပန်းစိုက်ပျိုးသူများထံမှ ထွက်ရှိလာသည့် ပန်းများကိုရောင်းချနေပြီး မုဒုံ၊ မော်လမြိုင်ဘက်မှ ပန်းအချို့လည်း ဝင်ရော က်မှုရှိကြောင်း၊ အခက်အရွယ်အစားပေါ်မူတည်၍ တစ်ခက်လျှင် (၈၀၀၀)ကျပ်မှ (၁၅၀၀၀/၁၈၀၀၀) ကျပ်အထိ စျေးအသီးသီး ရှိနေကြောင်းလည်း သိရသည်။
