Wednesday, December 17, 2025

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...
HomeNewsLocal Newsမြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အွန်လိုင်းလောင်းကစားဆိုတာ နည်းပညာပိုင်းဆိုင်ရာတွေရော လုပ်ဆောင်တဲ့သူတွေရော ရှုပ်ထွေးမှုနှစ်ခုပေါ့၊ နံပါတ်တစ်က နည်းပညာပိုင်းဆိုင်ရာပေါ့၊ နံပါတ်နှစ်ကတော့ လုပ်ဆောင်တဲ့သူတွေပေါ့၊ နံပါတ်တစ်က နည်းပညာပိုင်းဆိုင်ရာဆိုတာက ဒီအွန်လိုင်းလောင်းကစားမှုကို ဒီနေရာမှာနှိမ်နင်းလိုက်ပေမယ့် နည်းပညာပိုင်းဆိုင်ရာ တချို့သောအချက်အလက်တွေကို ဒီအထဲမှာ ဖျ-က်ဆီးလိုက်တာဖြစ်တယ်၊ ဒီအပေါ်မှာရှိတဲ့ဟာကို ဖျ-က်ဆီးလိုက်နိုင်တာမဟုတ်ဘူး၊ ဥပမာပြောရရင် အချက်အလက်တွေပေါ့၊ cloud နည်းပညာနဲ့ အင်တာနက်ထဲမှာတင်ထားတဲ့အချက်အလက်တွေကို ခင်ဗျားတို့လည်း မသိနိုင်ဘူး၊ ကျွန်တော်တို့လည်း မသိနိုင်ဘူး၊ အချက်အလက်နှိမ်နင်းရခက်ခဲမှုပေါ့

နံပါတ်နှစ်က အွန်လိုင်းလောင်းကစားမှုကို ကျူးလွန်နေတဲ့သူပေါ့၊ အဲဒီအွန်လိုင်းလောင်းကစားမှုကို ကျူးလွန်နေတဲ့သူတွေက အများအားဖြင့် ဘယ်လူကြီးလူကောင်းမှကျူးလွန်တာမဟုတ်ဘူး၊ နိုင်ငံတကာမှာရှိနေတဲ့ ရာဇဝတ်မှုကျူးလွန်ပြီး ထွက်ပြေးနေတဲ့ ပြည်ပြေးတွေ၊ ရာဇဝတ်သားတွေက အများအားဖြင့် ကျူးလွန်တာဖြစ်တယ်။ ဒါပေမယ့် သူတို့ နောက်ကွယ်မှာတော့ အရေခြုံတွေ ရှိနိုင်ပါတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့က တချို့ဟာတွေမှာ ခြေရာခံတာတွေ ကွင်းဆက်လိုက်တာတွေမှာ အားလုံးနဲ့ပူးပေါင်းဆောင်ရွက်ရတာဖြစ်ပါတယ်။ ခုနကပြောသလို နယ်စပ်တွေမှာ နှိမ်နင်းလိုက်တယ်၊ မြန်မာနိုင်ငံထဲကို ဝင်လာနိုင်တယ်။ ဒါလည်းမဖြစ်နိုင်ဘူးလို့မပြောနိုင်ဘူး၊ ကျွန်တော်တို့ မငြင်းပါဘူး။ တချို့နိုင်ငံတွေကိုလည်း ခင်ဗျားတို့ ဘယ်လောက်ထွက်သွားတယ်ဆိုတာ ပြည်ပကို ဘယ်လောက်ထွက်သွားတယ်ဆိုတာ ခင်ဗျားတို့လည်း သိပြီသားဖြစ်တယ်။ မြန်မာနိုင်ငံထဲကိုလည်း ဝင်လာနိုင်ပါတယ်။ အဲလိုမြန်မာနိုင်ငံထဲကို ဝင်လာတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ ပြတ်ပြတ်သားသားနှိမ်နင်းသွားမှာဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် အွန်လိုင်းလိမ်လည်မှုများ၊ လောင်းကစားမှုများနှင့်ပတ်သက်ပြီး အဓိကအားဖြင့် ပြည်သူလူထုကို အကူအညီတောင်းလိုကြောင်းလည်း ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံထဲကို ဝင်လာတယ်ဆိုတဲ့နေရာမှာ အဓိကလုပ်ဆောင်ရမှာက အဓိကအကူအညီတောင်းချင်တာ ကျွန်တော်တို့ပြည်သူလူထုပဲ။ ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ နံပါတ် (၁) မမြင်ချင်ယောင်မဆောင်ပါနဲ့၊ မကြားချင်ယောင်မဆောင်ပါနဲ့။ မမြင်ချင်ယောင် မကြားချင်ယောင် မဆောင်ဘူးဆိုရင် သက်ဆိုင်ရာကိုပြောမယ်၊ မမြင်ချင်ယောင် မကြားချင်ယောင် မဆောင်ဘူးဆိုရင် ပထမဦးဆုံးအနေနဲ့ ဒါကိုနှိမ်နင်းပြီးသားဖြစ်တယ်။

နံပါတ် (၂) အချက်က ပုန်းကွယ်ဖို့နေရာမပေးနဲ့။ ဒီလူတွေ ဘယ်နေရာမှာပုန်းမလဲ၊ ပြည်သူလူထုကြားထဲမှာပဲ ပုန်းမှာပဲ၊ မသင်္ကာစရာတွေ့လာမှာပဲ၊ ပုန်းကွယ်ဖို့နေရာမပေးနဲ့။ ဒါတွေကို ကျွန်တော်တို့ပြည်သူလူထုတင် တိုက်တွန်းတာမဟုတ်ဘူး၊ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ ပြည်သူလူထုအပါအဝင် ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်သွားဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071