(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
မြန်မာအသင်းအနေဖြင့် ရေကူး၊ ကရာတေး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလပ်၊ ဝူရှူး၊ ဘိလိယက်နှင့် စနူကာ၊ ဘော်လီဘော၊ ကဘာဒီ၊ ဂျူဒို၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ မွေ၊ လက်ဝှေ့၊ ကစ်ဘောင်ဆင်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ E-sports ၊ ဂေါက်သီးရိုက်၊ အလေးမ၊ ရွက်လှေ၊ တက်ဂ်ဘော၊ မြင်းစီးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ Rajamangla Auditorium Rajamangla University of Technology Thanyaburi ၌ ကျင်းပလျက်ရှိသည့် ဂျူဒို အားကစားနည်း အမျိုးသား၊ အမျိုး သမီး -၈၁၊ -၉၀၊ -၁၀၀၊ -၇၈ နှင့် +၇၈ ကီလိုတန်းပြိုင်ပွဲများတွင် မြန်မာအားကစားသမားများ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ Shooting Range, Sports Authority of Thailand, Bangkok ၌ ကျင်းပလျက်ရှိသည့် သေနတ်ပစ်အားကစားနည်း အမျိုးသမီး ၁၀ မီတာရိုင်ဖယ်တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် မြန်မာအားကစားသမားများ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးသည်။
မြန်မာအသင်းအနေဖြင့် ရေကူးအားကစားနည်း အမျိုးသား၊ အမျိုးသမီး မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲများ၊ ကရာတေးအားကစားနည်း အမျိုးသား၊ အမျိုး သမီး ၆၁၊ ၇၅၊ ၆၈ ကီလိုအောက် ပြိုင်ပွဲများ၊ သေနတ်ပစ်အားကစားနည်း အမျိုးသမီး ၁၀ မီတာရိုင်ဖယ်တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ်အားကစားနည်း အမျိုးသားအသင်းလိုက် ပြိုင်ပွဲများ၊ တိုက်ကွမ်ဒိုအားကစားနည်း အမျိုးသား၊ အမျိုးသမီး အတိုက် -၅၇၊ -၆၂၊ -၆၃၊ -၇၄ ကီလိုတန်းပြိုင်ပွဲများ၊ ပန်ကြပ်ဆီလပ်အားကစားနည်း အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း (Tunggal) အပြပြိုင်ပွဲနှင့် အမျိုးသား သုံးယောက်တွဲ အသင်းလိုက် (Regu) အပြပြိုင်ပွဲများ၊ ဝူရှူး အားကစားနည်း အမျိုးသား၊ အမျိုးသမီး ချန်းချွမ်၊ ထိုက်ချိချွမ်၊ အတွဲတိုက် (လက်နက်)၊ နန်းချွမ်၊ သောင်းစု၊ အတွဲတိုက် (လက်နက်မဲ့)၊ ဆန်းဆို ၆၅ နှင့် ၇၀ ကီလိုအတိုက် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ဘိလိယက်နှင့်စနူကာအားကစားနည်း အမျိုးသားစနူကာအသင်းလိုက်ပြိုင်ပွဲနှင့် ဘိလိယက်အသင်းလိုက်ပြိုင်ပွဲများ၊ ဘော်လီဘောအားကစားနည်း အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများ၊ ကဘာဒီအားကစားနည်း အမျိုးသား Standard Style Kabaddi ပြိုင်ပွဲများ၊ ဂျူဒို အားကစားနည်း အမျိုးသား၊ အမျိုးသမီး -၈၁၊ -၉၀၊ -၁၀၀၊ -၇၈ နှင့် +၇၈ ကီလိုတန်းပြိုင်ပွဲများ၊ ဖူဆယ်အားကစားနည်း အမျိုးသမီးပြိုင်ပွဲ၊ ဘတ်စကက်ဘော အမျိုးသား ၅ ယောက်တွဲပြိုင်ပွဲ၊ မွေအားကစားနည်း အမျိုးသား၊ အမျိုးသမီး ၄၈၊ ၅၄၊ ၆၀ နှင့် ၇၅ ကီလိုတန်းပြိုင်ပွဲများ၊ လက်ဝှေ့အားကစားနည်း အမျိုးသား ၆၉ ကီလိုတန်းပြိုင်ပွဲ၊ ကစ်ဘောင်ဆင် အားကစားနည်း အမျိုးသား၊ အမျိုးသမီး -၆၃၊ -၅၀ ကီလိုတန်း Point Fighting ပြိုင်ပွဲ နှင့် -၅၁၊ -၄၈ ကီလိုတန်း Low Kick ပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ထို့ပြင် ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား၊ အမျိုးသမီး သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲများ၊ ပြေးခုန်ပစ်အားကစားနည်း အမျိုးသားသံလုံးပစ်ပြိုင်ပွဲနှင့် မီတာ ၈၀၀ ပြိုင်ပွဲများ၊ E-sports အားကစားနည်း အမျိုးသားအသင်းလိုက် (MLBB) ပြိုင်ပွဲနှင့် FC Online Team ပြိုင်ပွဲများ၊ ဂေါက်သီးရို-က်အားကစားနည်း အမျိုးသားတစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများ၊ အလေးမအားကစားနည်း အမျိုးသမီး ၄၈ နှင့် ၅၃ ကီလိုတန်း ပြိုင်ပွဲများ၊ ရွက်လှေအားကစားနည်း အမျိုးသား၊ အမျိုးသမီး Girl’s Optimist ၊ Men’s IlCA7 ၊ Boy’s ILCA4၊ Boy’s Optimist ပြိုင်ပွဲများ၊ တက်ဂ်ဘောအားကစားနည်း အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများ၊ မြင်းစီးအားကစားနည်း အမျိုးသား (Dressage Test ၊ Jumping Test ၊ Country Test) တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
