Home News Local News လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု ထပ်မံရရှိ

လှေလှော်အားကစားနည်းကနေ မြန်မာအသင်း ငွေတံဆိပ် ဆု ထပ်မံရရှိ

0
174

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် SEA GAMES Canoeing  အမျိုးသားလေးယောက်လှော် (၂၀၀) မီတာ ပြိုင်ပွဲတွင် မြန်မာအသင်းက ငွေတံဆိပ် ဆု ကို ထပ်မံဆွခူးနိုင်ခဲ့ကြောင်းသိရသည်။

SEA Games Thailand 2025 ၏ Canoeing ပြိုင်ပွဲများမှ ကျင်းပပြီးစီးခဲ့သော အမျိုးသားလေးယောက်လှော် ၂၀၀ မီတာ (Men’s Canoe Four 200m – C4 200m) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အားကစားသမားများဖြစ်သည့် ကျော်ဇေယျ ၊မျိုးလှိုင်ဝင်း၊ ထွဋ်ခေါင်ဇော်နှင့် သန့်ဇင်ဦးတို့က (35.056) စံချိန်ဖြင့် ငွေတံဆိပ် ဆု ကို ရရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၁)ရက်ကလည်း ကနူးလှေ အမျိုးသား နှစ်ယောက် လှော် မီတာ(၂၀၀)ပြိုင်တွင်လည်း မြန်မာအသင်းအနေဖြင့် ဒုတိယ ငွေတံဆိပ်ဆုကိုရရှိထားကြောင်း သိရသည်။

ထိုပြင် ကယက် Slaom အမျိုးသမီးတစ်ယောက်လှော် အတားအဆီးကျော် ပြိုင်ပွဲတွင်လည်း မြန်မာက တတိယဆု ကို ရယူပေးထားနိုင်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here