ဝါရှင်တန်၊ ဒီဇင်ဘာ ၃
အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ် သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။
“ကျွန်တော်တို့ ဂျိုးဘိုင်ဒင် ရဲ့ CAFE လို့ ခေါ်တဲ့ ကော်ပိုရိတ် ပျမ်းမျှလောင်စာဆီ ချွေတာရေး စံနှုန်းတွေကို တရားဝင် ရပ်စဲလိုက်ပါတယ်” ဟု အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်ပ် က ပြောကြားခဲ့သည်။
ခရီးသည်တင်ကားများနှင့် အပေါ့စားထရပ်ကားများအတွက် ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလုံး၏ ပျမ်းမျှဆီစားသက်သာမှုသည် ၂၀၃၁ ခုနှစ်ထုတ် မိုဒယ်နှစ်တွင် တစ်ဂါလံလျှင် ၃၄.၅ မိုင်၊ ဘိုင်ဒင် အစိုးရက သတ်မှတ်ထားသော တစ်ဂါလံလျှင် ၅၀.၄ မိုင်ထက် ပျမ်းမျှ ဆီစားသက်သာကြောင်း အမေရိကန် အမျိုးသား အဝေးပြေး ယာဉ်အန္တရာယ် ကင်းရှင်းရေး စီမံခန့်ခွဲမှု မှ သတိပေးချက်တစ်ခုအရ သိရသည်။
အဆိုပါ လုပ်ဆောင်ချက်သည် အမေရိကန် သုံးစွဲသူများအတွက် ကုန်ကျစရိတ် သက်သာစေပြီး အမေရိကန် မော်တော်ယာဥ် အလုပ်အကိုင်များကို ကာကွယ်ပေးကာ အမေရိကန် မိသားစုများအတွက်ပို၍ ကားဝယ်ယူ နိုင်လာမည်ဟု ထရမ့်ပ် က ပြောကြားခဲ့သည်။
ဘိုင်ဒင် အစိုးရက ချမှတ်ထားသော လက်ရှိစံနှုန်းများသည် ကွန်ဂရက်လွှတ်တော်က သတ်မှတ်ပေးထားသည့် သတ်မှတ်ချက်ထက် ကျော်လွန်သွားကြောင်း သယ်ယူပို့ဆောင်ရေးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပြုချက်သည် လာမည့်ငါးနှစ်အတွင်း အမေရိကန်ပြည်သူလူထုကို ဒေါ်လာ ၁၀၉ ဘီလျံကို သက်သာစေရန်နှင့် မိသားစုများအတွက် ပျမ်းမျှယာဉ်အသစ်တစ်စီး၏ ပျမ်းမျှကုန်ကျစရိတ်တွင် ဒေါ်လာ ၁,၀၀၀ သက်သာစေရန် မျှော်မှန်းထားကြောင်း ၎င်းကဆိုသည်။
Ref: ရှင်းဟွာ
