တိုက်စစ်မှူး မေထက်လူသည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဖြင့် ပူးပေါင်းကာ လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် ကျောင်းတက်ရင်း တက္ကသိုလ်ဘောလုံးအသင်းတစ်ခုတွင် ဝင်ရောက်ကစားနေသည့် မေထက်လူသည် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဖြင့် လာရောက်ပူးပေါင်းခြင်းဖြစ်ကာ ယမန်နေ့ ဒီဇင်ဘာ (၃)ရက် ညနေပိုင်းတွင် လေ့ကျင့်မှုများ စတင်ပြုလုပ်နေခြင်းဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးအသင်းသည် အုပ်စု(ခ)တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နှင့်အတူ ကျရောက်နေသည်။
(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အမျိုးသမီးဘောလုံးပွဲစဉ်များကို ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့တွင် ဒီဇင်ဘာ အစောပိုင်း၌ ကျင်းပသွားမည်ဖြစ်သည်ဟု အဖွဲ့ချုပ်၏ အသိပေးချက်အရ သိရသည်။
ဓာတ်ပုံ-MFF
