Friday, December 5, 2025

အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်သောပိုင်ဆိုင်မှု ဒေါ်လာသန်း ၃၀၀...

ထိုင်းနိုင်ငံသည် ဒေသတွင်း အလိမ်အညာကွန်ရက်များကို ပြင်းထန်စွာနှိမ်နင်းနေရာ ဒေသတွင်း အဓိကစွမ်းအင်ကုမ္ပဏီတစ်ခု၏ ရှယ်ယာများအပါအဝင် အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ပြီး လူ...

ဆီးဂိမ်းပြိုင်ပွဲ၌ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းကို ကြိုးစား...

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့နှင့် ယခုဆီးဂိမ်းပြိုင်ပွဲတွင် ထပ်မံထိပ်တိုက်တွေ့ဆုံမည်ဖြစ်ရာ ကြိုးစားပြီး ရင်ဆိုင်သွားမည်ဟု နည်းပြချုပ် ကူရိုဆာခီက ပြောသည်။ ဒီဇင်ဘာ (၄)ရက် ၊မွန်းလွဲ...

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ်သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့ ဂျိုးဘိုင်ဒင်ရဲ့...

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ် သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့...
HomeMoviesဆန်၊ ပဲ၊ နှမ်း...

ဆန်၊ ပဲ၊ နှမ်း စိုက်ပျိုးရေးထွက်ကုန်များ၊ ဆိုလာလျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ဆက်စပ်သည့် နည်းပညာလွှဲပြောင်းခြင်းကဏ္ဍစသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခု လက်မှတ်ရေးထိုး

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ – ၂၀၂၅ (Yangon Investment Facilitation Workshop-2025) ကို ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဒေသတစ်ခုဖြစ်ပြီး နိုင်ငံ့ GDP ၏ ၂၆ ရာခိုင်နှုန်းဖြစ်သည့်အတွက် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှုသည် တစ်နိုင်ငံလုံးအတွက် အရေးကြီးပါ ကြောင်း၊ ယနေ့ဆွေးနွေးပွဲဆောင်ပုဒ်ဖြစ်သည့် “ယုံကြည်မှုတွေ တည်ဆောက်ဖို့ ပူးပေါင်းမှုများ အားပေးစို့ Building Confidence, strengthening Collaboration” အတိုင်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများအား တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောကြားသည်။

အထူးသဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၏ မူလအဆိုပြုလွှာအတိုင်း ကုန်ထုတ်လုပ်မှုစွမ်းအား ပြန်လည် လည်ပတ်နိုင်ရေးနှင့် ပြည်ပသို့ ချိတ်ဆက်တင်ပို့မှု အဆင်ပြေချောမွေ့ရေးသည် အဓိကကျနေသည့်အတွက် ဗဟိုမှ ကွင်းဆင်းထိတွေ့အားပေးရင်း ပြန်လည်တင်ပြချက်များကိုလည်း သက်ဆိုင်ရာဌာနများသို့ တင်ပြညှိနှိုင်းကူညီသွားရန်ဖြစ်ပါကြောင်း၊ Processing Lines အပြင် ထပ်မံတိုးချဲ့တပ်ဆင်လိုသူရှိပါကလည်း မြန်ဆန်အဆင်ပြေချောမွေ့အောင် ကူညီသွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ ထပ်မံဖော်ထုတ်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ တိုင်းဒေသကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအပေါ် ကူညီဆောင်ရွက်သွားနိုင်မည့်အခြေအနေများကို အဓိကထား၍ ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးပြီး လုပ်ငန်းရှင်များက မေးမြန်းခဲ့သည့် တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

ညနေပိုင်းတွင် ဆန်၊ ပဲ၊ နှမ်း စိုက်ပျိုးရေး ထွက်ကုန်များ၊ ဆိုလာလျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ဆက်စပ်သည့် နည်းပညာလွှဲပြောင်းခြင်းကဏ္ဍစသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခုကို သက်ဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ်ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် ဆက်စပ်သောပိုင်ဆိုင်မှု ဒေါ်လာသန်း ၃၀၀ ကျော်ကို သိမ်းဆည်းကာ လူ ၄၂ ဦးကို ဖမ်းဝရမ်းထုတ်

ထိုင်းနိုင်ငံသည် ဒေသတွင်း အလိမ်အညာကွန်ရက်များကို ပြင်းထန်စွာနှိမ်နင်းနေရာ ဒေသတွင်း အဓိကစွမ်းအင်ကုမ္ပဏီတစ်ခု၏ ရှယ်ယာများအပါအဝင် အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ပြီး လူ ၄၂ ဦးကို ဖမ်းဝရမ်းများထုတ်ခဲ့ကြောင်း အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။           သိမ်းဆည်းမှုများနှင့် ဖမ်းဝရမ်းများတွင် အမေရိက၏ ဒ-ဏ်ခတ်ပိတ်ဆို့ခံထားရသော Prince Group ကို ဦးဆောင်သည့် တရုတ်-ကမ္ဘောဒီးယား သူဌေးကြီး ချန်ရှီနှင့်နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ဆက်စပ်နေကြောင်း အာဏာပိုင်များက ပြောကြားထားသည့် ကမ္ဘောဒီးယားနိုင်ငံသားများဖြစ်သော ကော့ခ်အန်နှင့် ယင်လိခ်တို့ ပါဝင်ခဲ့သည်။        ယခုကိစ္စနှင့် ပတ်သက်၍ မေးမြန်းသောအခါ...

ဆီးဂိမ်းပြိုင်ပွဲ၌ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းကို ကြိုးစား ရင်ဆိုင်မည်ဟု နည်းပြချုပ် ကူရိုဆာခီ ပြော

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအသင်းတို့နှင့် ယခုဆီးဂိမ်းပြိုင်ပွဲတွင် ထပ်မံထိပ်တိုက်တွေ့ဆုံမည်ဖြစ်ရာ ကြိုးစားပြီး ရင်ဆိုင်သွားမည်ဟု နည်းပြချုပ် ကူရိုဆာခီက ပြောသည်။ ဒီဇင်ဘာ (၄)ရက် ၊မွန်းလွဲ (၂) နာရီအချိန်က ချင်းမိုင်အားကစားကွင်း၌ ကျင်းပခဲ့သည့် ဆီးဂိမ်းစ် ၂၀၂၅ အမျိုး သားဘောလုံးပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ "ပြိုင်ဘက်အသင်းတွေကို ကျွန်တော်တို့ လေးစားမှုနဲ့ ယှဉ်ပြိုင်မှာပါ။ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား အသင်းတွေက တောင့်တင်းပြီး တကယ်ကောင်းတဲ့ အသင်းတွေဆိုတာ သူတို့နဲ့တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ မြင်ခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ အာဆီယံချန်ပီယံရှစ် ဆီမီးဖိုင်နယ်တက်တဲ့...

ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့မည်–ထရမ့်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်ပ်သည် ခရီးသည်တင်ကားထုတ်လုပ်သူများအတွက် လောင်စာဆီချွေတာရေး နည်းဥပဒေများကို ဖြေလျှော့ရန် အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ "ကျွန်တော်တို့ ဂျိုးဘိုင်ဒင်ရဲ့ CAFE လို့ ခေါ်တဲ့ ကော်ပိုရိတ် ပျမ်းမျှလောင်စာဆီ ချွေတာရေး စံနှုန်းတွေကို တရားဝင် ရပ်စဲလိုက်ပါတယ်" ဟု အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်ပ်က ပြောကြားခဲ့သည်။ ခရီးသည်တင်ကားများနှင့် အပေါ့စားထရပ်ကားများအတွက် ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလုံး၏ ပျမ်းမျှဆီစားသက်သာမှုသည် ၂၀၃၁ ခုနှစ်ထုတ် မိုဒယ်နှစ်တွင် တစ်ဂါလံလျှင် ၃၄.၅ မိုင်၊ ဘိုင်ဒင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071