ရန်ကုန်မြို့အပါအဝင် မြို့(၇)ခု၌ မြန်မာနက်ကွန်ယက်ပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု Myanmar Net မှ ယနေ့ ဒီဇင်ဘာ ၃ ရက်က မေတ္တာရပ်ခံအသိပေးခဲ့သည်။
ရန်ကုန်မြို့၊ နေပြည်တော်၊ ပဲခူးမြို့၊ မော်လမြိုင်မြို့၊ တောင်ငူမြို့၊ ပျဉ်းမနားမြို့နှင့် မကွေးမြို့တို့တွင် မြန်မာနက်ကွန်ယက်ပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိ၍ နည်းပညာကျွမ်းကျင်ဝန်ထမ်းများက အမြန်ဆုံးပြန် လည်ကောင်းမွန်လာစေရန် ဦးစားပေးပြင်ဆင်လျက်ရှိသည်ဟု အသိပေးခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနက်ကွန်ယက်အတွင်း ပြတ်တောက်မှုများဖြစ်ပေါ်နေ၍ တပ်ဆင်ထားသောအင်တာနက်လိုင်းအား သုံးစွဲ၍မရခြင်း၊ နှေးကွေးခြင်းများဖြစ်ပေါ်နိုင်သည်ဟုလည်း Myanmar Net ကအသိပေးထားသည်။
