ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ချောင်းဆုံတံတားအနီးတွင် အရက်ေ-သစာသောက်စားပြီး ရေကူးပြိုင်ရာမှ အမျိုးသား (၄) ဦး ပျေ-ာက်ဆုံးနေပြီး (၆) ရက်ကြာသည်အထိ ရှာဖွေမတွေ့ရှိသေးကြောင်း မြဝတီမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။
အဆိုပါ အမျိုးသား (၄) ဦးမှာ ယခု နိုဝင်ဘာလ (၁၇) ရက်က အရက်ေ-သစာသောက်စားပြီး ချောင်းဆုံတံတားအနီးရေကူးပြိုင်ရာမှ တစ်ဦးရေနစ်ခဲ့ပြီးနောက် ကျန်သုံးဦးပါ ပျေ-ာက်ဆုံးခဲ့ခြင်းဖြစ် သည်။
ယင်းသို့ပျေ-ာက်ဆုံးမှုအပေါ် ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်နေပြီး ယမန်နေ့ နိုဝင်ဘာ (၂၂) ရက်မှ စတင်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
“တစ်ဦးရေနစ်တာကို (၃) ဦးက လိုက်ကယ်ရင်း အားလုံး ရေနစ်ပျေ-ာက်ဆုံးတယ်လို့ ထင်ကြေးပေးနေသလို အချို့ကလည်း ရေနစ်သူတစ်ဦးကို ကယ်ဆယ်လို့မရလို့ (၃) ဦးကရှောင်သွားတယ်ဆိုတဲ့ ထင်ကြေးတွေနဲ့ ရှုပ်နေရော။ ဘယ်ဟာအမှန်လည်းဆိုတာတော့ မသိရသေးဘူးပေါ့” လို့ ဒေသခံတစ်ဦးက ပြောသည်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့၏ သုံးသပ်ချက်အရ ပျေ-ာက်ဆုံးသူများသည် ရေစီးနှင့်အတူ သဲကျင်းများထဲဝင်ကာ သဲဖုံးသွားနိုင်ခြင်းဖြစ်ကြောင့်ဟု ကနဦးသုံးသပ်ထားကို တွေ့ရသည်။
ဓာတ်ပုံ – Hla Tun
