အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုနှင့် ဒုစရိုက်မှုများကျူးလွန်ရာနေရာဖြစ်သော ကရင်ပြည်နယ်၊ မြဝတီ-မဲထော်သလေး (KK Park) နယ်မြေရှိတရားမဝင်အဆောက်အအုံ (၁၉၆) လုံးကို ယနေ့ နိုဝင်ဘာ ၂၁ ရက်အထိ ဖြိုချဖျ-က်ဆီးပြီးဖြစ်ကြောင်း သိရသည်။
(KK Park) နယ်မြေအတွင်း၌ တရားမဝင်အဆောက်အအုံ (၆၃၅) လုံးအနက် ယနေ့ နိုဝင်ဘာ ၂၁ ရက်တွင် (၁၄) လုံးအား ဆက်လက်ဖြိုချဖျ-က်ဆီးခဲ့သဖြင့် (၁၉၆) လုံးကို ဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကာ ကျန်ရှိသည့် တရားမဝင်အဆောက်အအုံများကိုလည်း ဆက်လက်ဖြိုချဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။
KK Park နယ်မြေအား လုံခြုံရေးအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်းခြင်း၊ တရားမဝင်အဆောက်အအုံများအား ဖြိုချဖျ-က်ဆီးခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
