စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခန္တီးမြို့နယ်၊ မော်လိုက်မြို့နယ်နှင့် မင်းကင်းမြို့နယ်တို့၌ လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ နိုဝင်ဘာ ၂၁ ရက်မှစတင်၍ကပ်ထားကြောင်း သိရသည်။
မုံရွာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအလိုက် ကော်မရှင်ခွဲရုံးများ၊ ခန္တီးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၊ မော်လိုက်မြို့ရှိ မော်လိုက်ပြည်သူ့ အားကစားရုံ မိုးလုံလေလုံခန်းမ၊ မင်းကင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင်ကပ် ထားကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများကပ်ထားမှုကို ဒေသခံများလာရောက်ကြည့်ရှုခဲ့ကြပြီး လာမည့် ဒီဇင်ဘာလအတွင်း၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို တတိယအကြိမ်မြောက်အဖြစ် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
