ကိုရီးယားနိုင်ငံရှိ POSCO ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်ဓာတ်လိုက်ခံခဲ့ရသည့် မြန်မာနိုင်ငံသားသည် လက် ရှိအချိန်၌ ဆိုးလ်မြို့ရှိ Seoul Smart Convalescent Hospital (ပြန်လည်ထူထောင်ရေးဆေးရုံ)တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆေးကုသမှုခံယူနေရသော မြန်မာနိုင်ငံသားအား ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့၏ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်၊ အ လုပ်သမားသံအရာရှိနှင့် သံရုံးဝန်ထမ်းများမှ နိုဝင်ဘာ ၂၀ ရက်ကကြည့်ရှု၍ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရန် မြန် မာသံရုံး၊ ဆိုးလ်မြို့က စဉ်ဆက်မပြတ်ကြိုးစားလုပ် ဆောင်လျက်ရှိကာ လူနာပြန်လည်ထူထောင်ကျန်းမာလာရေးအတွက် အဓိကထားလုပ်ဆောင်ရန် အားပေးစကားပြောကြားပြီး အကူအညီလိုအပ်ပါကအချိန်မရွေးဆက်သွယ်နိုင်သည်ဟု အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် သံအမတ်ကြီးသည် POSCO ကုမ္ပဏီမှ တာဝန် ရှိသူများနှင့်တွေ့ဆုံ၍ အလုပ်သမား၏ ကျန်းမာရေးကုသမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် လျာထားမှုများ၊ အလုပ်သမားအနေဖြင့် ကိုရီးယားနိုင် ငံ၏ ဥပဒေများနှင့်အညီ ရသင့်ရထိုက်သော အကျိုးခံ စားခွင့်များ အပြည့်အဝရရှိရေးနှင့် ၎င်း၏ဘဝဆက် လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် အထောက်အကူပြုစေသည့်အစီအမံများရရှိနိုင်ရန်တို့အတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားသည် POSCO ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မတော်တဆဓာတ်လိုက်မှုကြောင့် ဆေးရုံသို့အရေးပေါ်တက်ရောက်ကုသခဲ့ရခြင်းဖြစ်ပြီး ယခုအခါ ပြန်လည်ထူထောင်ရေးဆေးရုံသို့ ရွှေ့ပြောင်းကာ ဆက်လက်ကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။
