Monday, July 27, 2026

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် အဖိုးတန်သမိုင်းမှတ်တမ်းများ မပျောက်ပျက်စေရေးဒစ်ဂျစ်တယ်စနစ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရန်...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ၏အဖိုးတန်သမိုင်းမှတ်တမ်းများဖြစ်သည့် စာအုပ်၊ စာစောင်နှင့် သတင်းစာများ...

မန္တလေး-ပြင်ဦးလွင် Mountain Bike (MTB)...

မန္တလေး၊ ဇူလိုင် ၂၇ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သည့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို ဩဂုတ် ၁၅...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း...

နေပြည်တော်၊ ဇူလိုင် ၂၇ နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA) က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ...

အီရန်စစ်ပွဲ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာ (၃)...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲအခြေအနေ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာလမ်းကြောင်း (၃) ခုကို စဉ်းစားနေတယ်လို့ The New York Times...
HomeInternationalမယ်တော်ကြီးသီရိခေတ်ဈာပနာစီစဉ်ရန်ထိုင်းဝန်ကြီးချုပ်ကမလေးရှားခရီးစဉ်ကိုတနင်္ဂ‌နွေနေ့သို့ရွှေ့

မယ်တော်ကြီးသီရိခေတ်ဈာပနာစီစဉ်ရန်ထိုင်းဝန်ကြီးချုပ်ကမလေးရှားခရီးစဉ်ကိုတနင်္ဂ‌နွေနေ့သို့ရွှေ့

ABIS ၏ခေါင်းဆောင်များ၏အလွတ်သဘောဆွေးနွေးပွဲအစီစဥ်တွင် ထိုင်းဝန်ကြီးချုပ်ကိုယ်စား ထိုင်းစီးပွားကူးသန်းဝန်ကြီးလာရောက်ဆွေးနွေး

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ကံတော်ကုန်ခဲ့ရှာပြီဖြစ်သော မယ်တော်ဘုရင်မကြီး သီရိခေတ်၏ တော်ဝင်ဈာပနအခမ်းအနားအတွက် နံနက် ၁၀ နာရီတွင် အစိုးရအဖွဲ့အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်မည်ဖြစ်၍ ယနေ့ (အောက်တိုဘာလ ၂၄ရက်နေ့) တွင် သွားရောက်မည့် မလေးရှားနိုင်ငံခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရသည်။

မယ်တော်ကြီးသည် သောကြာနေ့ည ၉း၂၁ နာရီတွင် ဘုရင်ချူလာလောင်ကွန်း အောက်မေ့ဖွယ်ဆေးရုံ၌ နတ်ရွာစံကံတော်ကုန်ခဲ့သည်ဟု ထိုင်းကြက်ခြေနီအသင်းနှင့် တော်ဝင်အိမ်တော်ဗျူရိုက ကြေညာခဲ့သည်။

စနေနေ့နံနက်ပိုင်းတွင် ဘန်ကောက် ထိုင်းအစိုးရအိမ်တော်ရှိ ထိုင်းနိုင်ငံအလံတော်ကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အားဖြင့် တိုင်တစ်ဝက်သာ လွှင့်ထူထားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သော မစ္စတာအနူတင်သည် တော်ဝင်ဈာပနအခမ်းအနားများအတွက် တာဝန်ပေးအပ်ရန် အစိုးရအဖွဲ့အစည်းအဝေး၌ သဘာပတိ အဖြစ် ဆောင်ရွက်ရမည်ဖြစ်သည်။

မူလက စနေနေ့တွင် ကွာလာလမ်ပူရ်သို့ ထွက်ခွာကာ တနင်္ဂနွေနေ့မှ အင်္ဂါနေ့အထိ ကျင်းပမည့် ၄၇ ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် သူကစီစဉ်ထားခဲ့သည်။ ယခုညနေကျင်းပမည့် ခေါင်းဆောင်များ၏ အလွတ်သဘော ဆွေးနွေးပွဲ ကို အနူတင်ကိုယ်စား စီးပွားကူးသန်းဝန်ကြီးက တက်ရောက်မည်ဟုသိရသည်။

သတင်းများအရ ဝန်ကြီးချုပ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တက်ရောက်မည့် ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ရန်အတွက် ခရီးစဉ်ကို တနင်္ဂနွေနေ့သို့ ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။

လက်မှတ်ရေးထိုးပွဲကို ပြန်လည်စီစဉ်ရန် တောင်းဆိုထားဆဲဖြစ်ပြီး အကယ်၍ အမေရိကန်ပြည်ထောင်စုဘက်က အပြောင်းအလဲမလုပ်နိုင်ပါက မစ္စတာ အနူတင်ကိုယ်စား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကောအား လက်မှတ်ရေးထိုးရန် တာဝန်ပေးအပ်မည်ဖြစ်သည်။

ယနေ့ ABIS ညနေခင်း ခေါင်းဆောင်များ၏အလွတ်သဘောဆွေးနွေးပွဲအစီစဥ်တွင် ထိုင်းဝန်ကြီးချုပ်အနုတင်ကိုယ်စား ထိုင်းစီးပွားကူးသန်းဝန်ကြီး မစ္စ စူပါဂျီး ဆုသမ်ပန်က အစားထိုး လာရောက်ဆွေးနွေးသွားခဲ့သည်။ထို စကားဝိုင်းမစခင်မယ်တော်ကြီးသီရိခေတ်ကွယ်လွန်သွား၍ ဝမ်နည်းခြင်းအထိမ်းအမှတ်အဖြစ် အစည်းအဝေး တက်ရောက်လာသူများက မတ်တတ်ရပ်၍ငြိမ်သက်စွာ ဂါရဝပြုခဲ့ကြသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် အဖိုးတန်သမိုင်းမှတ်တမ်းများ မပျောက်ပျက်စေရေးဒစ်ဂျစ်တယ်စနစ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ၏အဖိုးတန်သမိုင်းမှတ်တမ်းများဖြစ်သည့် စာအုပ်၊ စာစောင်နှင့် သတင်းစာများ မပျောက်ပျက်စေရေး စနစ်တကျထိန်းသိမ်း၍ နောင်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ ရောက်ရှိရာ စာကြည့်တိုက်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စာကြည့်တိုက်ညီလာခံခန်းမ၌ တာဝန်ရှိသူတစ်ဦးက အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၏ သမိုင်းအကျဉ်း၊ ဒစ်ဂျစ်တယ်စာကြည့်တိုက်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စာဖတ်ခန်းနှင့်...

မန္တလေး-ပြင်ဦးလွင် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ဩဂုတ် ၁၅ ရက် ကျင်းပမည်

မန္တလေး၊ ဇူလိုင် ၂၇ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သည့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို ဩဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲတွင် ကျင်းပသွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)ထံမှ သိရသည်။ အဆိုပါပြိုင်ပွဲ၏ စတင်ထွက်ခွာမည့်နေရာမှာ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)အရှေ့ဘက်ဖြစ်ပြီး၊ ပန်းဝင်မည့်နေရာမှာ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) ဖြစ်သည်။ ပြိုင်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး မိမိတို့၏ ကြံ့ခိုင်မှု၊ ဇွဲလုံ့လနှင့် Mountain Bike စီးနင်းကျွမ်းကျင်မှုများကို ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်သဖြင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း ဖွင့်လှစ်အာကာသနည်းပညာကို သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိရောက်စွာအသုံးချရန် တိုက်တွန်း

နေပြည်တော်၊ ဇူလိုင် ၂၇ နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA) က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းကို ဖွင့်လှစ်ပေးပြီး သုံးသပ်လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် မြန်မာအာကာသအေဂျင်စီမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071