မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၏ (၃၄)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ အောက်တိုဘာ ၉ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(၁)၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက မြန်မာနိုင်ငံတော် ယာယီသမ္မ တ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှတက်ရောက်ခဲ့သည်။
ထိုသို့ တက်ရောက်ပြီးနောက် နေပြည်တော်၊ တိုင်းနှင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီး ပွားရေးကဏ္ဍကြီး(၄)ရပ်လှုပ်ရှားမှုအတွက် ကဏ္ဍအ လိုက်ထူးချွန်ဆုများ၏ ကျန်းမာရေးကဏ္ဍလှုပ်ရှားမှုအတွက် ပထမဆုရရှိသည့် ရန်ကုန်တိုင်း၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်၊ ပူးတွဲဒုတိယဆုရရှိသည့် မန္တ လေးတိုင်းနှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းတို့မှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့အတူ တာဝန်ရှိသူများမှလည်း ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍကြီးလှုပ်ရှားမှုတို့အတွက် ကဏ္ဍအ လိုက်ထူးချွန်ဆုရရှိသည့် တိုင်းနှင့် ပြည်နယ်အသီးသီးမှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ မြန်မာနိုင်ငံရှိ လူဦးရေ(၅၁)သန်းကျော်အနက် (၆၀ရာခိုင်နှုန်း)ကျော် သည် မိခင်နှင့်ကလေးများဖြစ်ကာ မိခင်သေနှုန်း၊ မွေး ကင်းစ(၁)နှစ်အောက်နှင့်(၅)နှစ်အောက်ကလေးများသေနှုန်းသည် နိုင်ငံတော်၏အရေးကြီးသည့် ကျန်းမာ ရေးအညွှန်းကိန်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှမှ ကိုယ်ဝန်ဆောင်မိခင်များကို အာဟာရဖြစ်စေမည့် အ စားအစာများထောက်ပံ့ပေးပြီး (၅)နှစ်အောက်ကလေးငယ်များအား အမီလိုက်ကာကွယ်ဆေးများတိုက်ကျွေးပေးကာ နေပြည်တော် အပါအဝင်တိုင်းနှင့် ပြည်နယ် မိခင်နှင့်က လေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲများက ဒေသထွက်ကုန်ပစ္စည်းများနှင့်ရိုးရာလက်မှုပစ္စည်းများ ခင်း ကျင်းပြသရောင်းချနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
