တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပါ်နေသောတိုင်ဖွန်းမုန် တိုင်း “မတ်မို” ၏ ဗဟိုချက် လေဖိအားမှာ (၉၇၅) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတို-က်နှုန်း တစ်နာရီ (၇၅) မိုင်နှုန်းခန့် ဖြစ်နေသည်ဟု မိုး/ဇလက ယနေ့တွင် အသိပေးထားသည်။
ယနေအောက်တိုဘာ (၅)ရက် မြန်မာစံတော်ချိန် နံနက် (၁၀) နာရီခွဲအချိန် တိုင်းထွာချက်ဖြစ်ပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး တရုတ်နိုင်ငံ၊ ကျန်ကျမ်းမြို့၏ အရှေ့တောင်ဘက် ရေမိုင်(၅၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်း”မတ်မို”သည် အ နောက် – အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် (၆) နာရီအတွင်း တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်ကို ကျန်ကျမ်းမြို့အနီးမှ ဖြ-တ်ကျော်နိုင်ကြောင်း သိရသည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်း”မတ်မို”သည် နောက် (၂၄) နာရီအတွင်း အားကောင်းသော အပူပိုင်းမုန်တိုင်း”မတ်မို”အဖြစ်သို့ အားလျော့သွားနိုင်ပြီး ကွမ်ရှီးပြည်နယ်ကမ်းရိုးတန်းဒေသများကို ဆက်လက်ဖြ-တ်ကျော်နိုင်သည်ဟု ခန့်မှန်းကြောင်း မိုး/ဇလ၏ အသိပေးဖော်ပြချက်အရ သိရသည်။
