သီတင်းကျွတ်ကာလ ခရီးသွားရာသီအတွင်း စက်သုံးဆီအရောင်းဆိုင်များ၌ လုံလောက်စွာ သုံးစွဲနိုင်ရေး ကြိုတင်စီမံထားကြောင်း စက်သုံးဆီဆိုင်များမှ စုံစမ်းသိရှိရသည်။
ပြည်ပမှ စက်သုံးဆီများ ကြိုတင်စီမံတင်သွင်းထားမှုကြောင့် သီတင်းကျွတ်ပွဲတော် ခရီးသွားရာသီအတွင်း အဓိကလမ်းမကြီးများနှင့် အဓိကမြို့ကြီးများတွင်ရှိသည့် အရောင်းဆိုင်များ၌ ကြိုတင်ဖြည့်တင်းခြင်းများ စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပွင့်လင်းရာသီကာလအတွင်း ပွဲတော်ကာလများနှင့် သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ စက်မှုဇုန်နှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လုံလောက်စွာ သုံးစွဲနိုင်ကြောာင်း သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းလာမှုကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည်လည်း ကျဆင်းလျက်ရှိကြောင်း သိရသည်။
လက်ရှိပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ ၉၂ တလီတာ (၂၈၃၀) ကျပ်၊ ၉၅ တလီတာ (၂၈၉၅) ကျပ်၊ ပရီမီယံဒီဇယ်တလီတာ (၃၁၁၅) ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ (၂၅၄၅) ကျပ်ဖြစ်ကြောင်း သိရသည်။
