မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယနေ့ အောက်တို ဘာ ၄ ရက်ညပိုင်းက မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်ရာ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မ ရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ တက်ရောက်ခဲ့ကြသည်။
ဂုဏ်ပြုပွဲတွင် မန္တလေးတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္က သိုလ်၊ မန္တလေးပညာရေးဒီဂရီကောလိပ်၊ မိတ္ထီလာပညာ ရေးကောလိပ်တို့မှ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူများက သီဆိုကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင် ဇနီးတို့မှ သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ကြသူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြို့မတေးဂီတအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
