ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ စက်တင်ဘာလအတွင်း ခရီး သွားဧည့်သည် (၁၅၁၅၅) ဦး လာရောက်လည်ပတ်ခဲ့ကြော င်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ သိရသည်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ငွေတောင်ကမ်းခြေသို့ ခရီး သွားဧည့်သည် (၁၄၃၅၅) ဦး လာရောက် လည်ပတ်ခဲ့ပြီး စ က်တင်ဘာလအတွင်း ခရီးသွားဧည့်သည် (၁၅၁၅၅) ဦးထိ လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလအတွင်း လာရောက်လည်ပတ်အပန်းဖြေသ ည့် ခရီးသွားဧည့်သည်များ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးမှ အများဆုံးဖြစ်လာရောက်ခဲ့ပြီး ကမ်းခြေသို့လာရော က်အပန်းဖြေသည့် ခရီးသွားဧည့်သည်များအတွက် ခရီးစဉ်အဆင်ပြေစေရန်၊ သန့်ရှင်းမှုရရှိစေရန်၊ စနစ်တကျအနားယူနိုင်ရန်၊ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေး စတဲ့ လုပ်ငန်းများကို ခရီးသွားလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူ များ၊ ဒေသခံများမှ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
