မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ်(ပြင်ဦးလွင်)၌ ကျင်းပမည့် သီတင်းကျွတ်ပွဲတော်တွင် ဒေသထွက်ပစ္စည်းများ ဝယ်ယူနိုင်ရန် Night Bazaar ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားကန်တော်ကြီး ဥယျာဉ်(ပြင်ဦးလွင်)၌ မီးရောင်စုံများဖြင့် အလှဆင်၍ သီတင်းကျွတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပွဲတော်ကို အောက်တိုဘာလ (၃) ရက်မှ (၇) ရက်အထိ နေ့စဉ် မွန်းလွဲ (၂) နာရီမှ ည (၉) နာရီအထိ နိုင်ငံကျော် တေးသံရှင်များဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံကျော် အဆိုတော်များဖြစ်သည့် ဟဲလေး၊ ထွန်းထွန်း၊ ဟန်ထွန်း၊ ပူစူး၊ ဖြိုးမြတ်အောင်၊ ချစ်ဇွဲသာ၊ ပိုင်ပိုင်၊ ခွန်းဝတီပြည့်၊ သော်တာချမ်းမြေ့နှင့် ပြင်ဦးလွင်မြို့မှ တေးသံရှင်များအပြင် DJ ပညာရှင်များလည်း ပါဝင်ဖျော်ဖြေတင်ဆ က်သွားမည်ဖြစ်သည့်အတွက် ရပ်ဝေးရပ်နီးဒေသရှိပြည်သူများ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
