လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား အပို-င်းလိုက်ကျင်းပသွားမည်ဖြစ်ရာ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်မှ စစ်ကိုင်းတိုင်းရှိ မုံရွာမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့၌ မဲရုံပေါင်း(၁၂၇)ရုံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မုံရွာမြို့နယ်ရှိ မုံရွာမြို့ပေါ်ရပ်ကွက်များတွင် မဲရုံ(၈၇)ရုံ နှင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာတွင် မဲရုံ(၂)ရုံ၊ ရွှေဘိုမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၅)ခုတွင် မဲရုံ (၁၀)ရုံ၊ ကန့်ဘလူမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၁)ခုတွင် မဲရုံ(၂၈)ရုံ(စုစုပေါင်း ၁၂၇ ရုံ)ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများ ပထမအကြိမ်ကပ်ထားရာ လာရောက်ကြည့်ရှုသူအများအပြားရှိပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကလည်း လိုအပ်ချက်များမရှိစေရန် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။
