စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းတောင်ဘက် ၊ သောတာပန်ရွာရှိ ကွဲအက်နေသော မံဘုရားအုတ်ရိုးစေတီမှ ငွေပေလွှာနှင့် အမည်မသိရသော ပစ္စည်းများတွေ့ရှိထားကြောင်း ဂေါပကအဖွဲ့မှသိရသည်။
စေတီတော် ထီးတော်၏ ဖေါင်းရစ်တော်မှ မင်းရဲဆရာတော်ကြီး၏ ငွေပေလွှာ၊ ဌာပနာဟု ယူဆရသော ဘုရားဆင်းတုနှင့် အမည်မသိရသော ပစ္စည်းတစ်ခုတွေ့ရှိထားကြောင်း သိရသည်။
ငွေပေလွှာတွင် ” အမြင့်မြို့တောင် ၊၂ ဖါလုံကွာ မံဘုရားမြတ်စွာမုနိန္ဒာ၏ အောက်ခြက် ၂ တောင်ထက်၌ တွေ့လျှက်၊မြတ်ဘုရားကို ထပ်ပွါးသမူ၊ စေတနာပြု၍၊ ဖန်စုကျောင်းတော်၊ ဓါတ်မွေတော်နှင့်၊ ငွေဘော်ပေလွှာ၊ သေအခြာကား၊ကောဇာထားရန်၊ နှစ်ပါးမဂ္ဂင်၊ စီကာဆင်သည်၊ နောင်တွင်သိဖို့၊ နှစ်အချို့ကား၊ ကောဇာသက္ကရာဇ်၊၁၃၀၈ခု၊ တခူးလဆုပ် (၂)ရက်၊ တနင်္လာနေ့ အသက် (၅၄)နှစ်ရှိ၊ မင်းရဲဘုန်းကြီး၊ဦးဇဝန ထပ်မံပြင်ထား ကိုးကွယ်တည်ထားခဲ့ပါသည်” ဟုရေး ထားသည်။
သမိုင်းဝင် နရပတိစည်သူမင်းကြီး ကိုးကွယ်ခဲ့သော မံဘုရား အုတ်ရိုးစေတီတော်ကြီးသည် ငလျင်ကြီး ဒ-ါဏ်ကြောင့် ထီးတော်ကြီးကွဲအက်တိမ်းစောင်းသွားခဲ့ရာ ဂေါပကအဖွဲ့ဝင်များက ထီးတော်သစ်ကြီးတင်လှူနိုင်ရန် ဘုရားပရဝုဏ်အတွင်း အလှူခံဌာနဖွင့်လှစ်ကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဝေးရောက် အမြင့်ဒေသမှသာသနာ ဆွေတော်မျိုးတော်များအနေဖြင့် ထီးတော်သစ်တင်လှူနိုင်ရန် ဝိုင်းဝန်းလှုဒါန်းကြရန်လည်း ဂေါပကအဖွဲ့က အသိပေးကြေညာထားကြောင်း သိရသည်။
