Wednesday, December 17, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsမြန်မာသင်္ဘောသား ဆယ်ဦးကို တရုတ်...

မြန်မာသင်္ဘောသား ဆယ်ဦးကို တရုတ် ကယ်တင်ပေးခဲ့

တောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံ၏ Xisha Qundao ကမ်းလွန်တွင် စက်ချို့ယွင်းကာ ဘူလွာမုန်တိုင်းအန္တရာယ်နှင့် ရင်ဆိုင်နေခဲ့ရသော မြန်မာ သင်္ဘောသား ဆယ်ဦးကို တရုတ်နိုင်ငံက အောင်မြင်စွာကယ်တင်ပေးခဲ့သည်ဟု Sansha ရေကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာက ကြားသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဟိုင်နန်ပြည်နယ် Sansha မြို့ Yongxing ကျွန်းအရှေ့တောင်ဘက် ၂၀၃ ကီလိုမီတာအကွာတွင် မြန်မာသင်္ဘောသား ဆယ်ဦး လိုက်ပါလာသော သင်္ဘောသည် စတီယာရင် ဂီယာချို့ယွင်းမှုဖြစ်ကာ ထိန်းချုပ်မှုမဲ့စွာ မျောပါနေခဲ့ကြောင်း စက်တင်ဘာ ၂၆ ရက်တွင် စင်တာက အကြောင်းကြားချက်ရရှိခဲ့သည်။

ထို့အတွက် တိုင်ဖွန်း ဘူလွာအန္တရာယ်နှင့် ထိပ်တို-က်တိုးတော့မည့် အခြေအနေရောက်နေသည့် သင်္ဘောသားများအတွက် စင်တာက အရေးပေါ်တုန့်ပြန်မှုကို ချက်ချင်းလုပ်ဆောင်ကာ ကယ်ဆယ်ရေးသင်္ဘောတစ်စီး စေလွှတ်ခဲ့သည်။

စက်တင်ဘာလ ၂၇ ရက် နေ့နံနက်အစောပိုင်းတွင် ကယ်ဆယ်ရေးသင်္ဘောသည် ဒုက္ခရောက်နေသော သင်္ဘောအနီးသို့ ရောက်ရှိခဲ့သော်လည်း တိုင်ဖွန်းချဉ်းကပ်လာမှုကြောင့် သင်္ဘောကို ဆွဲခေါ်ရန် မဖြစ်နိုင်ခဲ့ပေ။ ထို့ကြောင့် စင်တာက သင်္ဘောသားမျာကို ဦးစွာကယ်ထုတ်ရန်ဆုံးဖြတ်ကာ ၎င်းတို့ ဆယ်ဦးစလုံးကို ကယ်ဆယ်ရေးသင်္ဘောထံ ပို့ဆောင်ပေးခဲ့သည်။

ထို့နောက် မုန်တိုင်းပြီးသွားချိန်တွင် မျောပါနေသော သင်္ဘောကို ဆက်လက်ရှာဖွေခဲ့ရာ၌ စက်တင်ဘာလ ၂၈ ရက် နေ့မွန်းလွဲပိုင်းတွင် သင်္ဘောတည်နေရာကို ရှာတွေ့ခဲ့သည်။

ထို့နောက် စက်တင်ဘာ ၂၉ ရက်တွင် မြန်မာသင်္ဘောသားများကို ၎င်းတို့ သင်္ဘောရှိရာသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီးနောက် စက်ပျက်သင်္ဘောကို တရုတ်ကယ်ဆယ်ရေးသင်္ဘောက ဆွဲခေါ်လာခဲ့သည်။ အဆိုပါ သင်္ဘောကို အောက်တိုဘာလ ၁ ရက်နေ့တွင် ပိုင်ရှင်၏ တွန်းသင်္ဘောရှိရာသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး သင်္ဘောသည် ကြာသပတေးနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဦးတည်ရာဖြစ်သော ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းသည် သင်္ဘောသားများ၏ အသက်အန္တရာယ်ကို လုံခြုံစေခဲ့ပြီး ပင်လယ်ရေကြောင်း ညစ်ညမ်းမှုဖြစ်ပေါ်လာနိုင်ခြေကို ကာကွယ်နိုင်ခဲ့သည်ဟု Sansha ရေကြောင်းဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှုအဖွဲ့က ပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071