တို-က်ဖွန်းမုန်တိုင်း ဘူလွာသည် တနင်္လာနေ့အစောပိုင်းက ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကုန်းတွင်းကို ဝင်ရောက်တို-က်ခ-တ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံခဲ့သဖြင့် လူတစ်ဦးထက်မနည်းေ-သဆုံး၍ ငါးဖမ်းလုပ်သား ၁၂ ဦး ပျေ-ာက်ဆုံးလျက်ရှိကြောင်းနှင့် လူနေအိမ်များပျ-က်စီးခြင်း၊ ဓာတ်အားလိုင်းများ ပြိုလဲခြင်းတို့ဖြစ်ခဲ့ကြောင်း သိရသည်။
တို-က်ဖွန်းသည် Nghe An ပြည်နယ်ကို နံနက် ၈ နာရီတွင် ဖြ-တ်ကျော်ဝင်ရောက်ခဲ့ပြီး ကုန်းတွင်းပိုင်းသို့မဝင်ရောက်မီ နာရီပိုင်းအလိုတွင် လေတို-က်နှုန်းတစ်နာရီ ၁၁၇ ကီလိုမီတာရှိခဲ့ရာမှ တစ်နာရီ ၈၈ ကီလိုမီတာနှုန်းသို့ အားလျော့သွားခဲ့သည်ဟု နိုင်ငံတော်မိုးလေဝသဌာနက ပြောကြားခဲ့သည်။
ကုန်းတွင်းပိုင်းသို့ မဝင်ရောက်မီ ဘူလွာသည် နိုင်ငံ၏ ကမ်းရိုးတန်းဒေသတလျှောက် နာရီများစွာကြာအောင် ရွေ့လျားတို-က်ခ-တ်ခဲ့ပြီး ၈ မီတာအထိမြင့်သည့် လှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့ကြောင်း မိုးလေဝသဌာနက ဆိုခဲ့သည်။
Hue မြို့တွင် ရေကြီးမှုကြောင့် လူတစ်ဦး ေ-သဆုံးခဲ့ပြီး Quang Tri ပြည်နယ်၌ လှိုင်းကြီးမှုကြောင့် ငါးဖမ်းလှေ လေးစင်း နစ်မြုပ်ခဲ့ရာတွင် ငါးဖမ်းလုပ်သား ၁၂ ဦး ပျေ-ာက်ဆုံးလျက်ရှိသည်ဟု နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြခဲ့သည်။
တို-က်ဖွန်းမဝင်ရောက်မီတွင် ဗီယက်နမ်အစိုးရက လူဦးရေ ၂၈,၅၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး အလယ်ပိုင်းပြည်နယ်များရှိ လေဆိပ်လေးခုကို ပိ-တ်ထားခဲ့သောကြောင့် လေယာဉ်ခရီးစဉ်များသည် ရာနှင့်ချီ၍ ဖျ-က်သိမ်းခြင်း သို့မဟုတ် ခရီးစဉ်ကြန့်ကြာခြင်းများဖြစ်ခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
