အင်းလေးဒေသမှ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များသည် ယနေ့ စက်တင်ဘာလ(၂၉)ရက်တွင် ညောင်ရွှေမြို့ကျောင်းတော်၌ ကြွရောက်အပူဇော်ခံလျက်ရှိကြောင်း သိရသည်။
ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များသည် ရှေးရိုးရာ အစဉ်အလာအတိုင်း သီတင်းကျွတ်လဆန်းတစ်ရက် (စက်တင်ဘာလ (၂၂) ရက် )မှ စတင်၍ အင်းလေးဒေသ (၂၁) ဌာနသို့ အပူဇော်ခံ ကြွရောက်လျက်နေခြင်း ဖြစ်သည်။
ထိုသို့ ကြွရောက်အပူဇော်ခံသည့် ပွဲတော်သည် အောက်တိုဘာလ (၉) ရက်အထ်ိဖြစ်ကာ အောက်တိုဘာ (၉)ရက်တွင် ရေသာကျောင်းမှ ဖောင်တော်ဦးကျောင်းတော်သို့ ပြန်လည် ကြွရောက်မည် ဖြစ်သည်။
ညောင်ရွှေမြို့ကို ကြွရောက်အပူဇော်ခံချိန်၌ ညောင်ရွှေမြို့တွင် အင်းရိုးရာ ခြေထောက်ဖြင့် လှေလှော်ပြိုင်ပွဲများလည်း ကျင်းပလျက်ရှိနေသည်။
