ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ၎င်း၏ မြောက်ကိုရီးယား မိတ်ဆွေအား စက်တင်ဘာလက တရုတ်နိုင်ငံတွင် တွေ့ဆုံစဉ် မော်စကိုသို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။
“ရက်ချိန်းသတ်မှတ်ပြီးပြီလား၊ ခရီးစဉ်အတွက် ပြင်ဆင်မှုများ စတင်နေပြီလား”ဟု မေးမြန်းမှုကို ခရင်မ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က “မရှိသေးပါဘူး” ဟု ဖြေကြားခဲ့သည်။ “ဒါပေမဲ့ ကျွန်တော်တို့မှာ အရှိန်အဟုန်ပြင်းထန်တဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေ ရှိနေပြီး အကောင်အထည်ဖော်နေပါတယ်။ ဒီလိုပဲ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် ပူတင်နှင့် တွေ့ဆုံစဉ် ကင်ဂျုံအွန်က “မကြာခင် တွေ့ဆုံကြမယ်” ဟု ပြောကြားခဲ့ပြီး ရုရှားသမ္မတကလည်း “ကြိုဆိုနေပါတယ်။ လာခဲ့ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ယင်းမတိုင်မီက သမ္မတပူတင်သည် မြောက်ကိုရီးယားခေါင်းဆောင်နှင့် ပြီးခဲ့သည့် ဇွန်လက ပြုံယမ်းမြို့သို့ သွားရောက်စဉ် တွေ့ဆုံခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင်လည်း အာမူး(Amur) ဒေသ၊ ဗော့စတိုချနီ(Vostochny) အာကာသစခန်း၌ ဆွေးနွေးပွဲများ ပြုလုပ်စဉ် ခေါင်းဆောင်နှစ်ဦးသည် ရုရှား၌ တွေ့ဆုံခဲ့ကြသည်။ ကင်ဂျုံအွန်သည် ရုရှားသို့ ၂၀၁၉ ခုနှစ် ဧပြီလကလည်း ဗလာဒီဗော့စတော့ခ် (Vladivostok) ၌ ပူတင်နှင့် တွေ့ဆုံရန် ရောက်ရှိခဲ့ဖူးသည်။
