တိုင်ဖွန်းမုန်တိုင်း ဘူအလွိုင်သည် ယနေ့စက်တင်ဘာ (၂၈) ရက်တွင် အမြင့်ဆုံးလေတို-က်နှုန်း တစ်နာရီ (၇၅) မိုင်နှုန်းခန့်ဖြင့် တို-က်ခ-တ်နေပြီး မုန်တိုင်း၏ ဗဟိုချက်လေဖိအားမှာ (၉၇၅) ဟက်တိုပါစကယ်ရှိနေကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်း ဘူအလွိုင်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ယနေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဒေသရှိ ဗင့်မြို့နှင့် ဒါနန်းမြို့တို့အကြားရှိ ဒုံဟွိုင်မြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။
ထိုမှတဆင့် စက်တင်ဘာ (၂၉)ရက်တွင် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်တို့ကို အပူပိုင်းမုန်တိုင်း “ဘူအလွိုင်”အဖြစ်ဖြင့်လည်းကောင်း၊ စက်တင်ဘာ (၃၀)ရက်တွင် လာအိုနိုင်ငံကို အပူပိုင်းမုန်တိုင်းငယ်အဖြစ်ဖြင့် လည်းကောင်း ဆက်လက်ဖြ-တ်ကျော်နိုင်သည်ဟု ခန့်မှန်းထားကြောင်း မြန်မာ့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
