အကြမ်းဖက်အဖွဲ့ဝင်များက မွန်ပြည်နယ်၊ သထုံမြို့ နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား၊ ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း မိုင်တိုင်အမှတ် ၁၂၁/ ၂၀ နှင့် ၁၂၁/၂၁ ကြားရှိရထားသံလမ်းအား စက်တင်ဘာ ၂၆ ရက်ည ၈ နာရီခွဲခန့်က မိုင်းဖြင့်ဖောက်ခွဲဖျက်စီးခဲ့ကြသည်။
ထို့ကြောင့် ရထားလမ်းထိခိုက်ပျက်စီးခဲ့သဖြင့် သိမ်ဆိပ်နှင့် ဒုံဝန်းကြားရထားလမ်းပိုင်းအား ယနေ့ စက်တင်ဘာ ၂၇ ရက်နံနက်ပိုင်းတွင်ယာယီပိတ်၍ မြန်မာ့မီးရထားမှကျွမ်းကျင်ဝန်ထမ်းများက အရှေ့ဘက် ရ ထားသံလမ်း (၁)ပေခွဲခန့် (၁)နေရာပြတ်တောက်ခြင်း၊ ယင်းနေရာနှင့် ၃ ပေခန့်အကွာ (၁)နေရာတွင် သံလမ်းဖိနပ်(၁)ပေခွဲခန့်ပြတ်ထွက်ခြင်းတို့အတွက် ပြတ်တောက်သွားသောသံလမ်းအား ဖြတ်တောက်လဲလှယ် ၍ အစားထိုးတပ်ဆင်ခြင်း၊ လမ်းပြုပြင်ခြင်းများကို နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်စတင်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ပြန်လည်ပြင်ဆင်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင်ပြုပြင်ပြီးစီး၍ သိမ်ဆိပ်-ဒုံဝန်းရထားလမ်းပိုင်းအား နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပြီး ရထားများအားပုံမှန်အတိုင်းပြေးဆွဲခွင့်ပြုခဲ့သည်။
ရထားလမ်းပြင်ဆင်နေချိန်၌ မော်လမြိုင်ဘူတာမှ အ ချိန်မှန်ထွက်ခွာလာသည့် ခရီးသည်(၄၀၁)ဦးလိုက်ပါလာသော အမှတ်(၈၂)အစုန်လူစီးအမြန်ရထားသည် သထုံဘူတာတွင် ၄၅ မိနစ်ခန့်ရပ်နားခဲ့ရသည်။
အကြမ်းအဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယခု အချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအ တွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၂)ကြိမ်၊ ရ ထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၁၇၈)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအားမီးရှို့ ဖျက်ဆီးခြင်း(၁၆)ကြိမ်ကျူးလွန်ခဲ့ကြသည်။
