Wednesday, December 17, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsသီတင်းကျွတ်ကို ကြိုတင် ကြိုကြပြီ

သီတင်းကျွတ်ကို ကြိုတင် ကြိုကြပြီ

မိုးရာသီကာလကုန်ဆုံး​တော့မှာဖြစ်လို့ ပွဲ​စျေးများလည်း ခင်ကျင်းလာကြ​တော့မယ်။ ​စျေးဝယ်စင်တာ ​တွေ ​ပေါ်လာ​ပေမယ့် လူ​တွေက စျေးပွဲ/ပွဲ​စျေး ​တွေ ကို ​လျှောက်ချင်ကြတုန်းပါပဲ။

မြန်မာပြည်မ​ပြောနဲ့ ထိုင်းနိုင်ငံ​တောင် ​လေဟာပြင်​စျေး၊ည​စျေး၊လမ်း​​ဘေးစျေး ဆိုပြီး ​စျေးချိုတဲ့စား​သောက်တန်း​တွေ ပစ္စည်းတန်း​တွေ ​ပေါ​နေတုန်းပါပဲ။

ပွဲ​စျေးရဲ့ အရသာက စားစရာအစုံအလင် ဝယ်စားကြသလို ကစားစရာအစုံအလင်ကိုလည်း ကစားကြရ​တော့ ​ပျော်ရွှင်မှု​တွေဟာစွမ်းအင်တမျိုးလိုခံစားကြရလို့ မိသားစုလိုက် ပွဲ​စျေး​လျောက်ကြတာပါ။

ပွဲဈေးလျှောက်တဲ့ မိသားစုတွေ၊ ချစ်သူစုံတွဲတွေနဲ့ ခလေးလူကြီး ကြိတ်ကြိတ်တိုးစည်ခဲ့တဲ့ ကျွန်းတောလမ်းပွဲဈေးက​တော့ စက်တင်ဘာ ၂၀ ရက်​မှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ချားရဟတ်နဲ့ ပင်လယ်ဓားပြလှေကြီးစီးသူတွေကတော့ အလှည့်ရောက်ဖို့ပင် အတော်တိုးယူခဲ့ရပါတယ်။

ခုလည်းပဲ ပုဇွန်​တောင်မြို့နယ် (၁၀)ရပ်ကွက်၊ ၅၂ လမ်း နဲ့ အ​နော်ရထာလမ်းမှာ သီတင်းကျွတ်အကြို ​ပျော်ပွဲရွှင်ပွဲ ​စျေး​ရောင်းပွဲ ကျင်းပ​နေပုံ​တွေကို ​ဖော်ပြလိုက်ပါတယ်။

မကြာမီကာလတွေမှာလည်း ရန်ကုန်မြို့ရဲ့ အထင်ကရ လမ်းလျှောက်ပွဲဈေးတွေဖြစ်တဲ့ ရေကျော်ပွဲဈေးနဲ့ လမ်းမတော်ပွဲဈေးတို့အပြင် မြို့နယ်အလိုက်ပွဲဈေးတွေကိုလည်း စည်ကားသိုက်မြိုက်စွာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

အားလုံးလည်း ဝါလကင်းလွတ်ကြချိန်မှာ ​သောကကင်းလွတ်ကြပြီး ကြည်နူးစွာ ​ပျော်ရွှင်နိုင်ကြပါ​စေ။

Photo- MK

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071