မြန်မာနိုင်ငံသည် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေလိုအပ်ချက် ပြည့်မီမှုအနည်းဆုံး ကမ္ဘာ့နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံပြန်ရေးအစီအစဉ် (HNRP) အတွက် ယနေ့အချိန်ထိ ရန်ပုံငွေ (၁၂) ရာခိုင်နှုန်းသာ ရရှိထားကြောင်း UNOCHA Myanmar (ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး) က စက်တင်ဘာ(၂၄)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ပထမ နှစ်ဝက်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲအစည်းများသည် ကဏ္ဍပေါင်းစုံတွင် လူဦးရေ အနည်းဆုံး (၃ ဒသမ ၅)သန်းကို အရေးပေါ်အကူအညီပေးနိုင်ခဲ့သော်လည်း များပြားလာသော လိုအပ်ချက်များနှင့် ရန်ပုံငွေအကြီးအကျယ် မလုံလောက်မှုကြောင့် လူသန်းပေါင်းများစွာကို လူမှုဘ၀ရှင်သန်ရေးအကူအညီများ ရေရှည်ပေးအပ်နိုင်ခြင်းမရှိကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။
လက်ရှိ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား နေရာအနှံ့ဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် လူဦးရေ (၃ ဒဿမ ၆)သန်းနီးပါးခန့် နေရပ်စွန့်ခွန့်နေထိုင်လျက်ရှိပြီး စက်တင်ဘာလအတွင်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ ပိုမိုများပြားလာသည့်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ပိုမိုခက်ခဲစေကြောင်း UNOCHA က ဆိုသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများစွာရှိ စာသင်ကျောင်းများကို ထိခို-က်စေသည့် ဖြစ်ရပ်များကြောင့် ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ ထိခိုက်ေ-သဆုံးရခြင်း၊ စာသင်ချိန်ပျ-က်ရခြင်းနှင့် ကလေးသူငယ်များအတွက် အန္တရာယ်ကြုံတွေ့နိုင်ခြေပိုများလာသဖြင့် ပညာရေးအဆောက်အဦးများကို တို-က်ခို-က်ခြင်းမှ ကာကွယ်စောင့်ရှောက်ပေးရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။
