မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့နှင့် ချုံချင့် တ ရုတ်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးကောင် စီတို့ ပူးပေါင်းစီစဉ်သည့် မြန်မာ-ချုံချင့် စီးပွားရေးမိတ်ဖက်တွေ့ဆုံပွဲကို စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့၏ ကောင်စစ် ဝန်ချုပ်ဦးကျော်ဇေယျာလင်း၊ မြန်မာစီးပွားရေးလုပ် ငန်းရှင် အမျိုးသမီးများကွန်ယက်(MYANWEN)ဥက္ကဋ္ဌ ဒေါက်တာစုလှဟန်နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် (၂၀)ဦး၊ ချုံချင့် တရုတ်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒု-ဥက္ကဋ္ဌ Mr. Yang Xuchao နှင့် တာဝန်ရှိသူများ၊ ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေး အသင်းအဖွဲ့များ၊ မြန်မာနိုင်ငံနှင့် စီး ပွားရေးပူးပေါင်းလိုသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံနှင့် တရုတ်နိုငင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များက စီးပွားရေးဆိုင် ရာဖလှယ်မှုများပြုလုပ်ခဲ့ကြသည်။
