ကရင်ပြည်နယ်၊ ဘာအံမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၁၈ ရက်ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က ဆိုင်းဘုတ်ပေါ်တက်ကခဲ့သည့် တက္ကသိုလ်ကျောင်းသားကိုအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ့သွားကားလမ်းဘေး မဲဘောင်တံတားအနီးရှိ ဆိုင်းဘုတ်ပေါ်သို့ တက္ကသိုလ်ကျောင်းသား(၁)ဦးတက်၍ နားကြပ်တပ်ကာကနေသ ဖြင့် ဘားအံခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက လှေ ကားတင်ယာဉ်ဖြင့်ကယ်တင်ရန်ပြုလုပ်စဉ် လှေကားတင်ယာဉ်မှ ဆိုင်းဘုတ်အနီးရောက်ရှိလာချိန်၌ တက္က သိုလ်ကျောင်းသားမှာအောက်သို့ခုန်—ချခဲ့ကြောင်း သိရသည်။
ထိုသို့ ခုန်ချစဥ် အောက်၌ကြိုတင်ပြင်ဆင်ထားသော လေမွေ့ယာပေါ်သို့ခုန်—-ချမိသဖြင့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီးနောက် လူမှုကူညီရေးအသင်းဝင်များက ဘားအံမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
